မကျော်ကြားခင်ကအရက်နဲ့မူးယစ်ဆေးသုံးဖူးကြောင်းဖွင့်ဟတဲ့ ရေချယ်ဘေလ်ဆင်

များစွာသော ဟောလိဝုဒ်ကြယ်ပွင့်တွေရဲ့ အသက်(၂၀) ၀န်းကျင် ဖြတ်သန်းမှုတွေထဲမှာ နိုက်ကလပ်တွေ၊ အရက်တွေနဲ့ မူးယစ်ဆေးဝါးတွေက မပါမဖြစ်ပါပဲ။လက်ရှိ ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြား လျက်ရှိတဲ့ မင်းသမီးချော ရေချယ် ဘေလ်ဆင်ကလည်း မအောင်မြင်ခင်က ဆိုးသွမ်းခဲ့တဲ့ အတိတ်အကြောင်းကို ဇွန်လ ထုတ် Health မဂ္ဂဇင်းမှာဖွင့်ဟသွားပါတယ်။ ငယ်ရွယ်စဉ်က သူဟာမူးယစ်ဆေးဝါး နဲ့အရက်တွေကို အသုံးပြုခဲ့ဖူးတယ်လို့ ဆိုပါတယ်။

'ကျွန်မ လော့စ်အိန်ဂျလိစ်မှာ ကြီးပြင်းခဲ့တယ်။ ဆယ်ကျော်သက်အရွယ်နဲ့ အသက်(၂၀)ကျော်ကာလတွေမှာ ကျွန်မ မလုပ်ဖူးတာ မရှိသလောက်ပဲ။ နိုက်ကလပ် တွေသွားတယ်။အရက်တွေသောက်၊ မူးယစ်ဆေး တွေသုံးခဲ့တယ်။ အဲဒီအရာတွေနဲ့ ပျော်မွေ့ခဲ့တယ်ပေါ့လေ။ နောက်တော့ ရုပ်ရှင်မင်းသား အေဒမ်ဘရိုဒီနဲ့ ချစ်ကြိုက်ခဲ့ပြီး သူ့ရဲ့တားမြစ်မှုတွေကြောင့်ပါတီတွေမတက်ရတော့ဘူး။ မူးယစ်ဆေးဝါးလည်း မသုံးဖြစ်တော့ဘူး'လို့ ရေချယ်က ဖွင့်ဟ၀န်ခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အရပ် ငါးပေနှစ် လက်မသာရှိပြီး သေးငယ်တဲ့သူ့ရဲ့ခန္ဓာကိုယ်ကို အားမရတဲ့ အတွက်ကျန်းမာရေးလိုက်စားမှုတွေပြုလုပ်ကြောင်း Health မဂ္ဂဇင်းက တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာထည့်သွင်းပြောကြား သွားခဲ့ပါတယ်။

စံနဒီ
စံတော်ချိန် နေ့စဉ်သတင်းစာ


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ