မြန်မာအသင်း မော်လဒိုက်ကို ၃-၂ ဂိုးဖြင့် အနိုင်ရ

၂၀၁၄ AFC Challenge Cup ဘောလုံးပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ မြန်မာအသင်းဟာ အိမ်ရှင် မော်လဒိုက်ကို မေလ ၁၉ ရက်နေ့က ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ ကျော်ကိုကိုနဲ့ ငြိမ်းချမ်းအောင်တို့က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာအသင်းက နောက်ခံလူ သိန်းဇော် ၂ ၀ါ တနီနဲ့ အထုတ်ခံရပြီး ပွဲချိန် မိနစ် ၇၀ နီးနီးကို ကစားသမား ၁၀ ဦးနဲ့ ကစားခဲ့ရပါတယ်။

မျှတပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲတပွဲ ဖြစ်သလို လူ တယောက်လျော့ ကစားရတာ အခက်အခဲဖြစ်တယ်လို့ ယူဂိုဆလားဘီးယား နိုင်ငံသား  မြန်မာအသင်းနည်းပြ ရာဒိုဂျေကိုအယ်ဗရာမိုဗစ်က ပြောပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ၂၀၁၄ ခုနှစ် မေလ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပနေတဲ့ AFC Challenge Cup ပြိုင်ပွဲ အုပ်စု(က)မှာ အိမ်ရှင်မော်လ်ဒိုက်၊ ပါလက်စတိုင်း၊ ကာဂျစ်စတန်အသင်းတို့နဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။

 By ဒီဗွီဘီ


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ