မလေးရှားတွင် မြန်မာအမျိုးသမီး ဆိုင်ကယ်တိုက် သေဆုံး

ဂျိုဟိုး မေ ၁၉

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်ရှိ စက်ရုံတွင် အလုပ် လုပ်ကိုင်နေ သည့် မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦးမှာ မေ ၁၇ ရက် နံနက်ပိုင်းက ဆိုင်ကယ်တိုက်မှုဖြင့် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံသား ကိုအောင်သန်းညွန့် (Nilai) က ဆက်သွယ်ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၁၇ ရက်ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်အပိုင် ဆနိုင်း (SENAI) မြို့လေးတွင် တည်ရှိသော GES MANUFACTURING SERVICES (M) SDN. BHD စက်ရုံသို့ လုပ်ငန်းခွင်ဝင်ရောက်ရန်အတွက် မြန်မာအမျိုးသမီး တင်မိုးမြင့် (၂၈ နှစ်) က ကားလမ်းမကြီးကို ဖြတ်ကူးစဉ် စည်းကမ်းမဲ့ အရှိန်ပြင်း မောင်းနှင်သော မော်တော်ဆိုင်ကယ်နှင့် တိုက်မိရာ မှ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ယင်းဒေသရှိ မြန်မာအလုပ်သမားများ၏ ဆက်သွယ်ပြောချက်အရ အဆိုပါ သေဆုံးသူ မြန်မာ အမျိုးသမီးမှာ သာစည်မြို့မှ ဖြစ်ကြောင်း ၎င်းကိုင်ဆောင်သည့် ပတ်စ်ပို့မှ တစ်ဆင့်သိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သေဆုံးသူ၏ ရုပ်အလောင်းကို ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြကြောင်း၊ သေဆုံးသူ မြန်မာအမျိုးသမီး၏ မိတ်ဆွေများနှင့် စက်ရုံမှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံရှိ မြန်မာလူမှုရေး အဖွဲ့ အစည်းများက လိုအပ်သည်များကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မလေးရှားရောက် မြန်မာ လူမှုရေးအဖွဲ့ အစည်းများထံမှ စုံစမ်းသိရသည်။

MOI Webportal Myanmar


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ