လမ်းလျှောက်နေသူကလေးငယ်အား အငှားယာဉ်မှ ၀င်ရောက် တိုက်မိ၍ သေဆုံး

ရန်ကုန်၊ မေ ၂၀

၁၉.၅.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်းလမ်းအတိုင်း သင်္ဃန်းကျွန်း ဘူတာဘက်မှ (က)ရပ်ကွက်ဘက်သို့ ရှားဆက်နိုင် (၂၆)နှစ်၊ (ဘ)ဦးအောင်ဝင်းမြိုင်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်း မြို့နယ်နေသူ မောင်းနှင်လာသော 6A--- ကရီနာဆလွန်းခဲရောင် အငှားယာဉ်သည် နှင်းဆီးကုန်းအိမ်ရာ ရှေ့အရောက် လမ်း၏ယာဘက် အစပ်မှ လမ်းလျှောက်သွားနေသူ သင်္ဃန်းကျွန်းမြို့နယ်နေ မောင်ညီလင်းနိုင် (၈)နှစ်အား ဝင်ရောက်တိုက်မိပြီး ရှေ့ယာဘက်ဘီးဖြင့် ကြိတ်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် မောင်ညီလင်းနိုင်မှာ ရင်ဘတ်ပွန်းပဲ့၊ ဦးခေါင်းဝဲဘက်ပေါက်ပြဲဒဏ်ရာ များရရှိခဲ့ပြီး မြောက်ဥက္ကလာဆေးရုံသို့ တင်ပို့ကုသစဉ်သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ရှားဆက်နိုင်အား သုဝဏ္ဏနယ်မြေရဲစခန်းယာဉ်(ပ)၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ