အရှိန်လျော့မောင်းနှင်နေသော ရထားပေါ်မှဆင်းစဉ် ခြေချော်ကျသဖြင့် ရထားကြိတ်မိသေဆုံး

ရန်ကုန်၊ ဧပြီ ၃၀

၃၀.၄.၂၀၁၄ရက်နေ့ ၀၇၀၀အချိန်တွင် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင် များသည် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(က)ရပ်ကွက်၊ နှင်းဆီးကုန်းဘူတာ အနီးတွင် အမျိုးသားတစ်ဦး ရထားကြိတ်မိ၍ သေဆုံး သွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကိုနိုင်ဝင်း(၃၅)နှစ်၊ (ဘ)ဦးဝင်းတင်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး ဦးခေါင်းနှင့် ယာလက်မောင်းရင်းပြတ်၊ ၀ဲခြေသလုံးကျိုးကြေမွဒဏ်ရာများ ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၀၅၂၅ အချိန်ခန့်တွင် ရန်ကုန် - မော်လမြိုင် အမှတ် (၃၆)အစုန်ရထား စက်ခေါင်းအမှတ် DF-1324 ဖြင့် စီးနင်းလိုက်ပါလာပြီး နှင်းဆီးကုန်းဘူတာအနီးအရောက် ရထားမှာ အရှိန်လျော့မောင်းနှင်နေစဉ် ရထားပေါ်မှဆင်းခဲ့ရာ ခြေချော်ကျခဲ့သဖြင့် ရထားကြိတ်မိသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ