စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသားတစ်ဦး တိုက်ခန်းပေါ်မှ ခုန်ချသဖြင့် သေဆုံး

ရန်ကုန်၊ မေ ၁၃

၁၃.၅.၂၀၁၄ရက်နေ့ ၀၄၃၀အချိန်ခန့်တွင် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ ဗညားဒလလမ်းတွင် နေအိမ်တိုက်ခန်း(၄)လွှာပေါ်မှ အမျိုးသား တစ်ဦး ခုန်ချခဲ့၍ သေဆုံးနေကြောင်းသတင်းအရသွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ကျော်ကျော်မင်း (၂၈)နှစ် ဖြစ်ပြီး ၎င်းတွင် ယာမျက်ခုံး၊ မေးစေ့၊ ယာဒူးတို့၌စုတ်ပြဲဒဏ်ရာများ၊ ပါးစပ်နှင့် ၀ဲ/ယာနားတို့မှ သွေးထွက်ဒဏ်ရာများ၊ ယာမျက်လုံး၊ လည်ပင်း တို့၌ဖူးရောင်ညိုမဲဒဏ်ရာများရရှိထားသည်ကို တွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် စိတ်ကျန်းမာရေးမကောင်းသူဖြစ်ပြီး မိခင်နှင့် အတူနေထိုင်သူဖြစ်ကြောင်း၊ အခင်းဖြစ်ချိန်က စိတ်ဖောက် ပြန်ကာ တိုက်ပေါ်မှခုန်ချခဲ့သဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးခြင်းနှင့်ပတ်သက်၍ တာမွေမြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ်(၉/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ