စက်ဘီးစီးနင်းလာသော သားအမိ(၃)ဦးအား ထော်လာဂျီယာဉ်မှ တိုက်မိပြီး မောင်းနှင်ထွက်ပြေး

ရန်ကုန်၊ မေ ၁၃

၁၂.၅.၂၀၁၄ ရက်နေ့ ၀၇၄၅ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ရန်ကုန်-ပြည်ကားလမ်း အတိုင်း မြောက်မှတောင်သို့ ဥက္ကံမြို့နေ မအေးအေးသွယ်သည် စက်ဘီးနောက်တွင် သမီးများဖြစ်သော မခိုင်ဇင်သန့်၊ (၆)နှစ်နှင့် မချိုဇင်သန့်၊ (၂)နှစ်တို့ကိုတင်ဆောင်ကာ စီးနင်းလာစဉ် ဘရင့်နောင် ရပ်ကွက်၊ မိုင်တိုင်အမှတ် ၆၅/၄ နှင့် ၆၅/၅ ကြားအရောက် ၎င်းတို့၏နောက်ဘက်မှ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်လာသည့် ယာဉ်အမှတ်(စိစစ်ဆဲ) အပြာရောင် ထော်လာဂျီယာဉ်မှ ၀င်ရောက် တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွား ခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် မအေးအေးသွယ်တွင် ဦးခေါင်းဝဲချိုစောင်း ပေါက်ပြဲ၊ ၀ဲတံတောင်စုတ်ပြဲ၊ ၀ဲနား သွေးထွက်ဒဏ်ရာနှင့် မချိုဇင်သန့်တွင် ၀ဲပေါင်ရိုးကျိုး၊ ၀ဲလက်ကောက်ဝတ်၊ နဖူးတို့၌ စုတ်ပြဲဒဏ်ရာ များရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ (စိုးရိမ်ရ)များအဖြစ်လည်းကောင်း၊ မခိုင်ဇင်သန့်တွင် မေးစေ့နှင့် ဦးခေါင်းယာချိုစောင်းတို့တွင်စုတ်ပြဲဒဏ်ရာများရရှိခဲ့ပြီး ဥကံ္ကတိုက်နယ်ဆေးရုံ၌အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ်
လည်းကောင်း အသီးသီးဆေးကုသမှုခံယူခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သဖြင့် ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေးတိမ်းရှောင် သွားသူ ထော်လာဂျီယာဉ်မောင်းအား တိုက်ကြီးမြို့နယ်၊ ဥက္ကံနယ်မြေရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈/ ၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ