တစ်စုံတစ်ခုကြောင့် ခင်ဗျားရဲ့ အိပ်မက်တွေ ပြိုလဲပျက်ဆီးခဲ့ရတယ်လို့ တွေးမိခဲ့ဖူးပါသလား။ ဒါဆို ဒီလူ ကို ကြည့်ဖို့ လိုပါပြီ။
အီဂျစ်လူမျိုး
စားပွဲတင်တင်းနစ်ကစားသမား Ibrahim Hamato ဟာ အသက် ၁၀ နှစ်အရွယ်တုန်းက
ကားမတော်တဆမှုတစ်ခုမှာ သူ့ ရဲ့ လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပါတယ်။
ဒါပေမယ့် သူ ၀ါသနာအပါဆုံး အားကစားနည်းကနေ မစွန့် ခွာချင်ခဲ့ပါဘူး။
ဒါကြောင့် ရိုက်တံကို ပါးစပ်နဲ့ ကိုက်ပြီး စားပွဲတင်တင်းနစ် ကစားဖို့ 
အတွက် ကြိုးစားခဲ့ပါတယ်။
အခုဖော်ပြပါ Youtube ဗီဒီယိုထဲမှာ
Ibrahim ဟာ ကမ္ဘာမှာရှိတဲ့ အကောင်းဆုံး စားပွဲတင်တင်းနစ်ကစားသမား တွေနဲ
့ယှဉ်ပြိုင်ပြီး ကစားခဲ့တာကို တွေ့ မြင်နိုင်ပါတယ်။
ပွဲစဉ်တော်တော်များများမှာ Ibrahim ရှုံးနိမ်ခဲ့ပေမယ့် အနိုင်ပွဲတွေလည်း
ရရှိခဲ့ပါတယ်။ ဒါ့အပြင် နာမည်ကြီးစားပွဲတင်တင်းနစ်ကစားသမားတွေ ကိုယ်တိုင်က
ခက်ခဲတဲ့ပြိုင်ဘက် အဖြစ် အသိအမှတ်ပြုခြင်းလည်း ခံခဲ့ရပါတယ်။
သူ
့ရဲ့ ဆောင်ပုဒ်ကတော့ “ ကြိုးစားရင် မဖြစ်နိုင်တာ မရှိပါဘူး” တဲ့။
ကျွန်တော်တို့ ဟာ မဖြစ်စလောက် အခက်အခဲလေးတွေ ကြုံတွေ့ တိုင်း
ညည်းညူစိတ်ပျက်နေမယ့်အစား Ibrahim လို ကံကြမ္မာကို အရှုံးမပေးဘဲ
ရင်ဆိုင်ကျော်ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။
Ref: Metro.co.uk
trend myanmar
လက်နှစ်ဖက် ပြတ်နေပေမယ့် ကမ္ဘာ့အကောင်းဆုံး စားပွဲတင် တင်းနစ် ကစားသမားတွေကို အနိုင်ရိုက်နိုင်ခဲ့သူ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Sports
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin