ဆော်ဒီအာရေးဘီးယားတွင် ချစ်သူများနေ့ဆင်နွှဲသည့် အမျိုးသားများ ကြိမ်ဒဏ်အချက် ၂၀၀၀ ချမှတ်အပြစ်ပေးခံရ

ချစ်သူများနေ့တွင် အရက်သောက်ပြီး အမျိုးသမီးများနှင့် အတူ ကခုန်ပြီး ပါတီပွဲဆင်နွှဲခဲ့သည့် အမျိုးသား ၅ ဦးအား ကြိမ်ဒဏ်အချက် ထောင်ချီချမှတ်အပြစ်ပေးခဲ့သည်။

Okaz Daily ၏ သတင်းဖော်ပြချက်အရ အမျိုးသား ၂ ဦးအား ထောင်ဒဏ် ၁၀ နှစ်နှင့် ကြိမ်ဒဏ်အချက် ၂၀၀၀ အား Al Nafoora ဈေးအရှေ့ ၌ အကြိမ် ၂၀ ခွဲရိုတ်ခံရမည်ဖြစ်ပြီး အခြား ၂ ဦးအား ထောင်ဒဏ် ၇ နှစ်နှင့် ကြိမ်ဒဏ် ၁၅၀၀ ချက် အား ၁၅ ကြိမ်ခွဲ၍ ရိုတ်ခံရမည်ဟု သိရသည်။ ကျန်တစ်ဦးသည် ထောင်ဒဏ် ၅နှစ်နှင့် ကြိမ်ဒဏ်အချက် ၁၀၀၀ ကျခံရမည်ဖြစ်သည်။

ဆော်ဒီတွင် အစ္စလမ်ဘာသာရေးဥပဒေဖြစ်သည့် ရှာရီယာဥပဒေအား လိုက်နာမှုရှိစေရေးအတွက် “ဘာသာရေးပုလိပ်”အဖြစ် လူသိများသော “သီလစင်ကြယ်ရေးနှင့် ဒုစရိုတ်တားဆီးရေး ကော်မရှင်” က ချစ်သူများနေ့ ကျင်းပပြုလုပ်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။

ဖော်ပြပါအမျိုးသား ၅ ဦးသည် ဘူရာယာမြို့ရှိ ၎င်းတို့ အပန်းဖြေရန်အတွက် ငှားရမ်းထားသော အိမ်တစ်လုံးအတွင်းတွင် အမျိုးသမီး ၆ ဦးးနှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကော်မရှင်အဖွဲ့ဝင်များက ၎င်းတို့နှင့် အတူ နှင်းဆီနီများ၊ ဖယောင်းတိုင်များနှင့် အသဲပုံသဏ္ဍာန်ရှိ အခြားပစ္စည်များကိုလည်း သိမ်းဆီးရမိခဲ့သည်။

အဆိုပါ ပြစ်မှုအတွက် ၎င်းတို့ ၅ ဦးသည် ထောင်ဒဏ်ကျခံပြီးနောက် ပြည်နှင်ဒဏ် ၅ နှစ်လည်း အပေးခံရမည် ဖြစ်ကြောင်း Okaz Daily သတင်းစာက ရေးသားထားသည်။

(ပုံ- ဘာသာရေးပုလိပ်များ)
Ref ; Yahoo

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ