အမျိုးသမီးများထံမှ အမျိုးသားများ အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြီး ကာမရယူမှု

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အာရှတိုက်နေ အမျိုးသားများကို report ထုတ်ပြန်ခဲ့ရာမှာ အမျိုးသား လေးဦးမှာတစ်ဦးဟာ ကာမကျူး လွန်မှုပြုနေကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါဟာ အာရှတိုက်နိုင်ငံ (၆)နိုင်ငံက လူတစ်သောင်းကျော်ကို စစ်တမ်းကောက်ယူခြင်း ကနေထွက် ပေါ်လာတာဖြစ်ပြီး အာရှတိုက်မှာ ဖြစ်ပွားနေတဲ့ လိင်ဆိုင်ရာ အကြမ်း ဖက်မှုတွေရဲ့ အဓိကနောက်ခံကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

လိင်အကြမ်းဖက်မှု ကျူးလွန်သူ တွေထဲက တစ်ဝက်လောက်ဟာ တစ်ကြိမ်ထက်ပိုပြီး ကျူးလွန်ခဲ့တယ် လို့သိရပါတယ်။ အာရှရဲ့ လိင် အကြမ်းဖက်မှု အမြင့်ဆုံးတိုင်းပြည်ကတော့ ပါပူးအာနယူးဂီနီ ( Papua new Guinea )နိုင်ငံဖြစ်ပြီး အမျိုး သား (၁၀)ယောက်မှာ  (၆)ယောက် ဟာ တစ်ဖက်အမျိုးသမီးအလိုမတူဘဲ လိင်ဆက်ဆံဖို့ ကြိုးပမ်းခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။ အာရှ အမျိုးသားများရဲ့ ထက်ဝက်ခန့်ဟာ လိင်အကြမ်းဖက်မှုများရော၊ ဇနီး မယားကိုပါ အလိုမတူဘဲ လိင်အလွဲ သုံးစားလုပ်နေကြတယ်လို့ သိရပါ တယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သော အမျိုးသားရာခိုင်နှုန်း ( Source – ကမ္ဘာ့ကုလသမဂ္ဂ)
- ပါပူးအာနယူးဂီနီနိုင်ငံ  -၆၂%
- အင်ဒိုနီးရှားနိုင်ငံ၊ ပါပူးအာဒေသ – ၄၈.၆ %
- အင်ဒိုနီးရှားမြို့ပြ – ၂၆.၂%
- တရုတ်နိုင်ငံ – ၂၂.၂%
- ကမ္ဘောဒီးယား – ၂၀.၄%
- သီရိလင်္ကာ – ၁၄.၅%
- ဘင်္ဂလားဒေ့ရှ် – ၁၄.၁%
ဖြစ်ပွားမှုနောက်ခံ အချက် အလက်များ
၁။ အမျိုးသားတွေဟာ အဖော်အမျိုး သမီးရဲ့သဘောထားကို မမေးဘဲ ဆက်ဆံနိုင်ခွင့်ရှိတယ်လို့ ယုံကြည်ကြ ပါတယ်။
၂။ အသိဉာဏ်နိမ့်ပါးသူတွေဟာ လိင်အကြမ်းဖက်မှုကို ပျော်ရွင်စရာ ဖျော်ဖြေမှုလို့ ယူဆကြပြီး ပျင်းရိတဲ့ အခါ ကျူးလွန်ကြပါတယ်။
၃။ ကလေးဘ၀က လိင်အကြမ်းဖက် မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုး သားတွေဟာ သူတို့ကိုယ်တိုင် ကျူးလွန်သူဖြစ်လာနိုင်ချေများပါတယ် ။
၎။ ဒေါသနဲ့ ယမကာကြောင့် ဖြစ် ပွားမှုကတော့ ရာခိုင်နှုန်းနည်းပါးပါတယ်။
ဒီလေ့လာမှုစာတမ်းကို The Lancet Global Health  မှာ ဖော်ပြထားပါတယ်။
သက်ကို
Ref: Lancet
Health Update

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ