စတန်းဖို့ ဘရိတ်မှာ ကျခဲ့တဲ့ မျက်ရည်စက် ပိုင်ရှင်

မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချယ်ဆီးအသင်းသည် အိမ်ကွင်းမှာ နောဝှစ်အသင်းကို ဂိုးမရှိ သရေ ရလဒ်ဖြစ်ခဲ့သည်။
အဆိုပါပွဲစဉ်သည် ချယ်ဆီးအတွက် ယခုနှစ် ပရီးမီးယားလိဂ် အိမ်ကွင်းနောက်ဆုံးပွဲစဉ်လည်းဖြစ်ခဲ့သည်။ ပွဲအပြီးမှာ ကွင်းအတွင်းမှ ဖြေးညင်းစွာလျှောက်လျှက် ထွက်ခွာသွားတဲ့ မျက်ရည်စက်လက်နဲ့ကစားသမားတစ်ဦးကို တွေ့မြင်ရမှာပါ။ ထိုသူက တချိန်က ချယ်ဆီးနဲ့အတူ အောင်မြင်ကျော်ကြားခဲ့တဲ့ နောက်ခံကစားသမား အရှလေကိုးလ် တစ်ယောက်ဖြစ်ပါတယ်။

ယခုနှစ် ချန်ပီယံမျှော်လင့်ချက် မှေးမှိန်ခဲ့မှုထက်(၈) နှစ်ကြာလက်တွဲ ခဲ့တဲ့ ချယ်ဆီးအသင်း၏ အိမ်ကွင်း စတန်းဖို့ ဘရိတ်ကိုခွဲခွာရတော့မည့် အသိနဲ့ ၀မ်းနည်းစွာ နှုတ်ဆက်နေမှုဖြစ်ပါတယ်။ ယခုနှစ် နွေရာသီမှာ စာချုပ် ကုန်ဆုံးပြီး ထပ်မံချုပ်ဆိုမှု မရှိတော့ဘဲ အသင်းကနေ ထွက်ခွာရတော့မည့် အရှလေကိုးလ်အတွက် အပြာရောင်အကျီ င်္နဲ့ နောက်ဆုံး ကျခဲ့တဲ့ မျက်ရည်စက်က သူ့ပရိတ်သတ်တွေအတွက် ရင်ထဲမကောင်းဖြစ်မှာတော့ အမှန်။ နောက်ဆုံးပုံက လမ်းပတ်မှ
ဖြေသိမ့်နှုတ်ဆက်နေဟန်ဖြစ်ပါတယ်...။

ချယ်ဆီးအသင်းသည် နောက်ဆုံးပွဲစဉ်အဖြစ် ကာဒစ်အသင်းနဲ့ အဝေးကွင်းသွားရောက်ယှဉ်ပြိုငိရမည်ဖြစ်သည်။ အရှလေကိုးလ်အကြောင်းဖော်ပြထားတာတွေ့မိလို့ပါ...။

Football Cafe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ