New Year မှာ အမူးလွန်နိုင်တဲ့သူတွေအတွက် ဆေးနည်းကောင်းများ





အခုကာလကတော့ ရာသီဥတုအေးအေးနဲ့ သောက်လို့ အကောင်းဆုံးကာလပါပဲ။ အသောက်များတတ်တဲ့ သူတွေရဲ့ ပိုက်ဆံအိတ်တွေကလည်း အခုလိုကာလတွေမှာ ဖောင်းတယ်လို့ကို ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အကယ်လို့များ သင်သာ အသောက်များသွားမယ်ဆိုရင် အမူးလွန်မှုကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကိုတော့ သိထားသင့်ပါတယ်။



၁. Sprite လို သံပုရာအအေးတွေ ဒါဇင်လိုက်ဆောင်ထားပါ

တရုတ်ပြည်က သုတေသနပြုချက်တွေအရတော့ သံပုရာအနံ့ အရသာပါဝင်တဲ့ စားစရာတွေဟာ အယ်လ်ကိုဟောကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ၅၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး သင့်ရဲ့ အမူးပြေမှုကို လေးဆလောက် ပိုပြီး မြန်ဆန်လာစေမှာပါ။ ဘာကြောင့်လဲဆိုတော့
သံပုရာအချိုရည်တွေမှာ ပါဝင်တဲ့ Alkaline ဓာတ်ဟာ သင့်ရဲ့ အစာလမ်းကြောင်းအတွင်းမှာ ရှိတဲ့ မူးမောစေတဲ့ဓာတ်တွေကို တိုက်ထုတ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။





၂. ပျားရည်ဆမ်းပေါင်မုန့်မီးကင်နဲ့ Black ကော်ဖီတစ်ခွက်

ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ကတော့ သင့်ရဲ့ အသောက်လွန်ပြီး ထိုင်းမှိုင်းနေမှုကို ပုံမှန်ပြန်ဖြစ်အောင် အကျိုးပြုစေမှာပါ။ ကော်ဖီလေးသောက်ပြီးရင်တော့ ပေါင်မုန့်မီးကင်ကို ပျားရည်ဆမ်းပြီး စားလိုက်ပါ။ သင့်ရဲ့ ပူလောင်နေတဲ့အစာအိမ်ကို ခဏငြိမ်သက်သွားစေမှာဖြစ်ပြီး လိုအပ်နေတဲ့ အာဟာရဓာတ်ကို ဖြည့်ဆည်းပေးပါလိမ့်မယ်။ ပျားရည်ကတော့ အရင်သောက်သုံးထားတဲ့ ကော်ဖီထဲက ခန္ဒာကိုယ်အတွက် မလိုတော့တဲ့ ကဖိန်းဓာတ်တွေကို ချေဖျက်ပေးသွားမှာပါ။ ကဖိန်းဓာတ်များနေရင်လည်း မကောင်းတာကြောင့် ရေနည်းနည်းသောက်လိုက်တာကလည်း ပိုအကျိုးပြုစေမှာပါ။



၃. ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက် သောက်ပါ

အယ်ကိုဟောလ်မှာ အီသနောနဲ့ မီသနောဆိုပြီး ဓာတ်နှစ်မျိုးပါဝင်ပါတယ်။သင့်ခန္ဒာကိုယ်ကတော့ အီသနောဓာတ်ကို ဦးဆုံးဖြိုခွင်းပြီးနောက်မှာတော့ မီသနောကို  formaldehyde ဓာတ်အဖြစ်ကို ပြောင်းလဲပေးပါတယ်။ formaldehyde ဓာတ်ဟာ သင့်ရဲ့ ခန္ဒာကိုယ်ကို အော်ဂလီဆန်အောင် ပြုလုပ်မှာပါ။ အဲ့လို အော်ဂလီဆန်တာမျိုးမဖြစ်ချင်ရင်တော့  ခရမ်းချဉ်သီးဖျော်ရည်ကို သောက်သုံးသင့်ပါတယ်။ သူက antioxidants ဓာတ်တွေကို ထုတ်လွှတ်ပေးမှာဖြစ်ပြီး သင့်ရဲ့ ခန္ဒာကိုယ်အတွင်းက အဆိပ်ဓာတ်တွေကို ချေဖျက်ပြီး ဇီဝကမ္မဖြစ်စဉ်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးပါလိမ့်မယ်။






( Paing A K )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ