အီလက်ထရောနစ်စီးကရက်တွေကြောင့် ကျောင်းနေအရွယ်ကလေးတွေ နီကိုတင်းဓာတ် စွဲလာ

အချိုအရသာပါတဲ့ အီလက်ထရောနစ်စီးကရက်တွေကြောင့် ကျောင်းနေအရွယ်ကလေးတွေ နီကိုတင်း စွဲလာကြကြောင်း လေ့လာတွေ့ ရှိခဲ့ပါတယ်။

စတော်ဘယ်ရီ၊ချောကလက်နဲ့ သကြား၊နို့ သစ်ခွ စတဲ့အရသာတွေ ထည့်သွင်းထားတဲ့ စီးကရက်တွေကို မကြာသေးမီက စာသင်ကျောင်းတွေကနေ ပိတ်ပင်ခဲ့ပါတယ်။

အရက်ပါတဲ့ အချိုရည်တွေဟာ အသက်ငယ်ငယ်နဲ့ အရက်သောက်တဲ့လူတွေကြား ခေတ်စားလာပြီးနောက်ပိုင်း အခုလို အချိုအရသာပါတဲ့ အီလက်ထရောနစ်စီးကရက်တွေက အချိုကြိုက်သူတွေကြား ရေပန်းစားလာတာ ဖြစ်ပါတယ်။

e-စီးကရက်တွေမှာ ဆေးရွက်ကြီးမပါဝင်တာကြောင့် အများပြည်သူနဲ့ ဆိုင်တဲ့ ဆေးလိပ်သောက်သုံးခွင့် ပိတ်ပင်ထားတဲ့နေရာတွေမှာ အကျုံးမ၀င်သလိုဖြစ်နေတာပါ။ လျှပ်စစ်ဓာတ်ပါတဲ့ စီးကရက်ကနေ  နီကိုတင်းအရည်ကို အငွေ့ ပျံစေပြီး ဆေးလိပ်စွဲသူတွေအတွက် နီကိုတင်းဓာတ်ကို ဖြည့်စည်းပေးတဲ့ ဒီစီးကရက်တွေဟာ အခုတော့ ပြဿနာတစ်မျိုးဖြစ်လာပြန်ပါပြီ။

ဒီစီးကရက်တွေဟာ လောလောဆည်မှာ အသက် ၁၈ နှစ်အောက်တွေကိုပါ တရားဝင်ရောင်းချခွင့်ပြုထားပြီး ပုံမှန် စီးကရက်တွေထက်တောင် ဈေးသက်သာနေပါသေးတယ်။ ပုံမှန်စီးကရက်တွေမှာ ပါဝင်တဲ့ ကတ္တရာစေး ဓာတ် မပါဝင်ပေမယ့် ဒီ အီလက်ထရောနစ်စီးကရက်တွေကြောင့် လူငယ်လူရွယ်တွေ ဆေးရွက်ကြီးဘက်ကို ကူးပြောင်းဖို့ ဖြစ်လာမှာပါ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

အမေရိကန်လေ့လာမှုတစ်ခုအရ အီလက်ထရောနစ်စီးကရက် အနည်းဆုံး တစ်ကြိမ် သုံးစွဲဖူးတဲ့ လူငယ် လေးသောင်းလောက်ဟာ ဆေးရွက်ကြီးကို သုံးစွဲဖို့ ဖြစ်နိုင်ချေ ခြောက်ဆ ပိုမိုရှိတယ်လို့ သိခဲ့ရပါတယ်။

ဗြိတိန်ဆေးပညာအဖွဲ့ အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူ Dr.Ram Moorthy က “ အသက် ၁၈ နှစ်အောက် ကလေးတွေ အီလက်ထရောနစ်စီးကရက် ၀ယ်ယူသုံးစွဲခွင့်ကို ပိတ်ပင်တားမြစ်တာကို ကျွန်တော်တို့  မြင်ချင်ပါတယ်။ တတ်နိုင်သမျှ အမြန်ဆုံးပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

Leonardo DiCaprio၊ Kate Moss ၊ Lily Allen ၊ Cheryl Cole တို့ လို နာမည်ကျော်တွေကပါ အီလက်ထရောနစ်စီးကရက်ကို လက်ရှိ အသုံးပြုနေကြပါတယ်။

Ref: Dailymail.co.uk
Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ