အိမ်ထောင်ကျပြီး အရင်ကထက် ပိုလူကြီးဆန်သွားတယ်လို့ ဖွင့်ဟလိုက်တဲ့ ချစ်သုဝေ


အိမ်ထောင်ကျသွားပြီးမှ ပိုလှလာတဲ့ ချစ်သုဝေနဲ့ တွေ့ဆုံခိုက် သူမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ချို့ကို မေးမြန်းကြည့်လိုက်တဲ့အခါ  “အိမ်ထောင်ကျပြီးသွားတော့ တစ်ခု ဂရုစိုက်ဖြစ်တာက ပရိသတ်ကို ပိုစေတနာထားပြီး ပရိသတ်က ကိုယ့်ကို ခုချိန်ထိ ချစ်နေကြတယ်။ အားပေးနေကြတယ်ဆိုတော့ မမက သူတို့ကြည့်တဲ့ခါမှာလဲ လှနေအောင် အပျိုဘ၀ကထက် ပိုပြီးတော့ နေဖြစ်ထိုင်ဖြစ် ပြင်ဆင်ဖြစ်တယ်။ အဲဒါလေးတစ်ခုတော့ ပြောင်းသွားတာပေါ့။ နောက် အိမ်ထောင်ကျပြီးသွားမှ ပြောင်းလဲလာတာဆိုရင် အရင်ကထက် လူကြီးဆန်သွားတယ်။ ပိုလိမ္မာလာတယ်။ အစ်ကိုက လူကြီးဆန်တော့ မမရဲ့ အမူအကျင့်လေးတွေ အပြောအဆိုလေးတွေမှာ မမကိုယ်တိုင်လဲ မနှစ်မြို့ပေမဲ့ ပြင်လို့မရခဲ့တာလေးတွေကို အစ်ကိုက ဘေးကနေ ဆုံးမတဲ့အခါ ပြင်ပေးတဲ့အခါ မမသတိထားပြီးတော့ ပြင်ဖြစ်တယ်။ အဲဒါလောက်ပါပဲ။

သားသမီးယူဖို့ကတော့ နောက်နှစ်နှစ် သုံးနှစ်လောက်မှ စဉ်းစားဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ မမတို့သရုပ်ဆောင်နဲ့အဆိုတော်နဲ့တောင်မတူဘူး။ မမတို့က ရှုတင်က ကိုယ့်အိမ်ရှုတင်က ကိုယ့်ဘ၀လို သဘောထားရတာလေ။ အချိန်မပေးဖြစ်ဘူးပေါ့။ ကိုယ်ပိုင်အချိန်ဆိုတာ အရမ်းကို ဖန်တီးယူရတယ်။ လုပ်ယူရတယ်။ ကလေးယူတယ်။ ရင်သွေးယူတယ်ဆိုတာက မမထင်တာပဲနော်။ လူတစ်ယောက်ကို ကိုယ်က တာဝန်ယူမှုအပြည့်နဲ့ လူ့လောကထဲကို ခေါ်ထုတ်လိုက်ပြီ ဆိုရင် ကိုယ့်ဘ၀ဆိုတာ မရှိတော့ဘူး။ ကိုယ်က ဒီကလေးရှင်သန်ဖို့၊ သူကြီးပြင်းလာဖို့၊ သူလူ့လောကအလယ်မှာ တင့်တင့်တယ်တယ် ရပ်တည်နိုင်ဖို့ကို အမြဲစဉ်းစားပြီး သူ့အတွက်ပဲ ရှင်သန်ရပြီပေါ့။ အဲလိုမျိုး လုပ်ပေးနိုင်မှ၊ ပြင်ဆင်နိုင်မှ ခေါ်သွင်းတာကလဲ ပိုပြီးအဓိပ္ပါယ် ရှိမယ်ထင်တယ်။ ပိုပြီးပြည့်စုံမယ် ထင်တယ်။ အနားမှာရှိနေနိုင်မှလေ။ မမလဲအနားမှာ ရှိနေချင်တယ်။ ကိုယ့်ရင်သွေးလေးဖြစ်ရင်၊ ခုလောလောဆယ်က ကိုယ့်လောဘနဲ့ကိုယ်က အရှိန်သတ်လို့ မရသေးဘူးပေါ့။ ပြီးတော့နောက်တစ်ခုက မမတို့နှစ်ယောက်တည်းလဲ ခဏလေး နေလိုက်ချင်သေးတယ်။ ဘာလို့လဲဆိုတော့ ရည်းစားသက်တမ်းက ၄နှစ်ဆိုပေမဲ့ ချစ်သူတွေလို လျှောက်သွားလျှောက်လာ တစ်အားနည်းခဲ့တာကိုး။ အဲဒီတော့ နှစ်ယောက်တည်း အနုပညာအလုပ်လေးတွေ လုပ်ပြီး အေးအေးဆေးဆေး နေလိုက်ဦးမယ်။ ၂နှစ်၃နှစ်လောက်ပေါ့။ ပြီးရင်တော့ မမတို့ရင်သွေးလေးယူဖို့စီစဉ်ထားပါတယ်။ အဲချိန်ကျရင် သရုပ်ဆောင်ပိုင်းကို ပါးသင့်တာလေးတွေပါး။ ပြီးကလေးနားမှာ စောင့်ရှောက်နေနိုင်ပြီလို့မျှော်လင့်ရတာပဲ”လို့ သူမက ပြောပြပေးခဲ့ပါတယ်။

ခင်ဆွေသက်
Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ