သဘာဝလွန် ဖြစ်ရပ်ဆန်းများ

သဘာဝလွန် ဖြစ်ရပ်ဆန်းများစွဲလမ်းမူ ယုံကြည်မူများ ကျွန်တော်တို့ အညာဒေသတွင် ဖခင်၏ အစ်မ အကြီးဆုံးအား" အရီးကြီး " ဟု ခေါ်ကြသည်။ ထိုကဲ့သို့ အဘယ်ကြောင့် ခေါ်သည်ကို မသိပါ။ ကျွန်တော့် အရီးကြီးသည် လက်ထက်တော်လေး ဟု အများက ကင်ပွန်းတပ် ထားသော သီပေါမင် စိုးစံသော မန္တလေးခေတ်တွင် လူလူသူသူ ဖြစ်လာသူ ဖြစ်ရာ ဗြိတိသျှ နယ်ချဲ့ သမားများ မန္တလေးကို သိမ်း၍ သီပေါ အရှင်အား ရတနာ ဂီရိသို့ ခေါ်ဆောင် သွားသည့်နောက် နယ်ချဲ့သမားကို ပို၍မုန့်ခဲ့ပြီး အတိတ်တဘောင် စနည်းတွေကို ယုံကြည် လာသည်။တစ်နေ့တွင် ဗုဒ္ဓရာဇာမည်။ ဗူဒ္ဓရာဇာမင်း၏ နောက်တွင် သံခမောက်ဆောင်းလေး ယောက်က လက်ပြလိုက်သည်နှင့် အင်္ဂ္လိပ် စစ်သားတွေ သောက်သောက်လဲ သေကြရမည်။

ဗုဒ္ဓရာဇာသည် ဆင်ဖြူသုံးစီးနှင့် ပိဋကတ် တော်များ ပင့်လာမည်ဖြစ်ပြီး မန္တလေးရောက်သော အခါ ရှင်ဘုရင်အဖြစ် ဘိသိက်ခံ၍ မြန်မာနိုင်ငံကို အုပ်ချုပ်မည်ဟု ဆိုသည်။ ကျွန်တော်တို့ငယ်ငယ်က အရီးကြီးသည် အထက်ဖော်ပြပါ အတိတ်တဘောင် စွဲလမ်းယုံကြည်မှုများကို ပြောပြလေ့ရှိပါသည်။ ထို့ အပြင် ခရစ်နှစ် ၁၉၁၀ ခုနှစ်ခန့်က မြင်းမူနယ်တွင် ပေါ်ပေါက်လာသော မင်းလောင်း မောင်သန့် အရေး အခင်းကို ကောင်းကောင်းမီသူတစ်ဦးလည်း ဖြစ်ရာ မင်းလောင်းမောင်သန့် အရေး အခင်းကြောင်း မကြာ ခဏ ပြောပြလေ့ ရှိသည်။ မောင်သန့်မှာ မြင်းမူခရိုင် ပဲကူရွာသားဖြစ်သည်ဟု ဆိုသည်။

အမှန်အားဖြင့် မောင်သန့်မှာ သာမန် တောင်သူလယ်သမားတစ်ဦး၊ ရိုးသားဖြောင့်မတ်သော လယ်သမားကလေးတစ်ဦး သာဖြစ်သည်။ တစ်နေ့တွင် နွားစာပြောင်းရိုးစင်း နေစဉ် သူ၏ ညာဘက်အင်္က࿿ျီလက်က မီးအလို လျောက် ထ၍တောက်သည်ဟု သတင်းထွက်ပေါ် လာရာမှ လူအများကမူ မြန်မာနိုင်ငံအား ကျွန်ဘဝ မှ ကယ်မည့်သူမှာ မောင်သန့်ဖြစ်သည်ဟု ဆိုကြ သည်။ အတိတ်တဘောင် ယုံကြည်သူများက " ညာ လက်ရုံးက မီးဟုန်းဟုန်းတောက်သည်" ဟု နိမိတ် ဖတ်ရာမှ မောင်သန့်သည် မင်းလောင်းအစစ်အမှန် ဖြစ်သည်ဟုဆိုကာ အုတ်အောင်သောင်းတင်း ဖြစ်ခဲ့ သည်။

ထိုစဉ်ကာလက အရေးပိုင်နှင့် တိုင်းမင်းကြီး ဖြစ်သူတို့က မောင်သန့်အား စစ်ကိုင်းသို့ ခေါ်ယူစစ် ဆေးပြီး ပြန်လွှတ်ခဲ့သည်။ ဤတွင် လူအများကမူ မောင်သန့်သည် ရှိန်းဆာယာပိုမောက်၍ ကိုယ်ပျောက် နိုင်သူဖြစ်သည်။ ပုလိပ်(ရဲ)တို့၏လက်ထိတ်အနှောင် အဖွဲ့မှ မန္တန်အစွမ်းဖြင့် လွတ်မြောက်လာသည်ဟု သတင်းများလည်း ပြန့်လာသည်။ မောင်သန့်သည် လူသူစုဆောင်း၍ မြင်းမူမြို့အား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာမှ မောင်သန့်အရေးအခင်း ကျဆုံးခဲ့ရ ပြီး မင်းလောင်းမောင်သန့်နှင့် ခေါင်းဆောင်သူအချို့ ကြိုးပေးသတ်ခံခဲ့ရတော့၏။ ယခုရေးသားဖော်မည့် ဖြစ်ရပ်ဆန်းမှာ ကျွန်တော်တို့ လူလူသူသူ တက္ကသိုလ် ပရဝဏ်ရောက် ကျောင်းသားကြီးဖြစ်နေသောအချိန် တွင် ကြုံရသည့် ထူးခြားဖြစ်စဉ်ဖြစ်ရာ အတော် အသင့် အံ့ဖွယ်သူရဲဖြစ်ရသော လောကီဖြစ်စဉ်ဟု ဆိုရမည်ဖြစ်၏။ ထိုဖြစ်ရပ်ကို ၁၉၅၂ ခုနှစ်၊ ဧပြီလ (၂၆)ရက်ထုတ် မြန့်မာအလင်းသတင်းစာ၊ ဟံသာ ဝတီသတင်းစာနှင့် အင်္ဂ္လိပ်ဘာသာဖြင့် ထုတ်ဝေ သော နေးရှင်းသတင်းစာများ၏ မျက်နှာဖုံးတွင် စာလုံး မည်းကြီးများဖြင့် ဖော်ပြခဲ့သော သတင်းဖြစ်သည်။ ထိုသတင်းကိုပင် ရန်ကုန်မြို့မှထုတ်ဝေသော ညနေ ထုတ်သတင်းစာများ၊ တရုတ်ဘာသာနှင့်ထုတ်ဝေ သော သတင်းစာများ၊ အိန္ဒိယတိုင်းရင်းဘာသာများ နှင့် ထုတ်ဝေသော သတင်းစာများတွင်လည်း သတင်း စာဖတ်ပရိသတ် စိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ်ဖြင့် ရေးသားခဲ့ကြသဖြင့် သတင်းစာဖတ်ပရိသတ်အများ စိတ်ဝင်စားဖွယ် ဖြစ်ခဲ့ရ၏။

ထိုထူးခြားဖြစ်စဉ် ဖြစ်ပွားရာ ရန်ကုန်ဆေးရုံ ကြီး အောက်ဆုံးထပ်ရှိ အချုပ်ကျ လူနာများအခန်း အား ရန်ကုန်လူထုအများက သွားရောက်ကြည့်ရှုခဲ့ ကြရာ ပွဲလမ်းသဘင်မျှ စည်ကားလှသည်။ ထို အချုပ်ခန်းပတ်ဝန်းကျင်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ နှင့် ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့တို့မှ အရာရှိများ၊ ရဲဘော်များက လုံခြုံရေးယူထားကြပြီး သတင်းစာ ကြီးများမှ ဓာတ်ပုံသတင်းထောက်များကလည်း ဓာတ်ပုံကင်မရာများဖြင့် တဖျတ်ဖျတ် ရိုက်ယူလျက် ရှိကြသည်။ ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်၊ ဆရာဝန် မများ၊ သူနာပြုဆရာမများမှလည်း ထိုရန်ကုန်ဆေးရုံ ကြီးအောက်ဆုံးထပ် အချုပ်ကျလူနာများထားရာ အခန်းပတ်ဝန်းကျင်တွင် ကြည့်ရှုလျက်ရှိရာ တိုး မပေါက်အောင် စည်ကားလှ၏။

သူပြောကိုယ်ပြော ပါးစပ်ပြောသတင်းများ အရ ဧပြီလ(၂၅)ရက် နေ့လယ်(၁၂)နာရီအချိန်တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ကျလူနာများ တက်ရောက် ကုသနေသည့် ဆေးခန်းတွင် လူနာအဖြစ် တက် ရောက်ကုသနေသော ဓားပြမှုများဖြင့် ထောင်ဒဏ် တစ်သက်ကျခံနေရသူ အကျဉ်းသားတရားခံ တစ်ဦး သည် သူ့အား ချုပ်နှောင်ထားသောလက်ထိပ်ကို မန္တန်ဖြင့် မန်းမှုတ်၍ ချွတ်ယူပြီး လူနာခန်းစောင့် လက်နက်ကိုင် ရဲသားများအား ဆဲဆိုရိုက်နှက်၍ အချုပ်ခန်းမှထွက်ပြေးရန် ကြံစည်ခဲ့သည့် ထူးခြား ဖြစ်စဉ်ဖြစ်၏။

ထိုသံမဏိလက်ထိပ်အား မန္တန်ရွတ်ဆိုမန်း မှုတ်၍ ဖွင့်စေခဲ့သူမှာ အင်းစိန်ထောင်ကြီးတွင် ထောင် ဒဏ်တစ်သက်ကျခံနေရသော ဓားပြဗိုလ်လှရွှေဆိုသူ ဖြစ်သည်။ ဗိုလ်လှရွှေမှာ အင်းစိန်ထောင်တွင် ထောင် ဒဏ်တစ်သက်ကျခံနေရစဉ် ချည့်နဲ့သောရောဂါ ဝေဒနာ ခံစား၍လာခဲ့သဖြင့် အင်းစိန်အကျဉ်းထောင် ဆေးကုသဆောင်တွင် တက်ရောက်ကုသခဲ့ရသည်။ အင်းစိန်ထောင် ဆေးကုသဆောင်တွင် တက်ရောက် ကုသစဉ် သူ၏ချည့်နဲ့သောရောဂါဝေဒနာ သက်သာ လာခြင်း မရှိသဖြင့် လွန်ခဲ့သောခြောက်ရက်ခန့်ကပင် ရန်ကုန်ဆေးရုံကြီး အကြောဘက်ဆိုင်ရာ ဆေးကုသ ဌာနသို့ အတွင်းလူနာအဖြစ် တက်ရောက်ကုသခံခဲ့ရ သည်ဟု ဆိုသည်။ ထိုသို့ ရန်ကုန်ဆေးရုံကြီး အကျဉ်း ကျ လူနာများထားသော အချုပ်ခန်းတွင် ဓားပြဗိုလ် လှရွှေအား အတွင်းလူနာအဖြစ်ထား၍ ဆေးကုသ ပေးခဲ့ရာ တစ်နေ့တခြား ရောဂါဝေဒနာ သက်သာ လာခဲ့သည်။ ဤတွင် အင်းစိန်ထောင်မှ တာဝန်ရှိ သူများသည် ရန်ကုန်ဆေးရုံကြီးမှ တာဝန်ရှိသူ ဆရာ ဝန်ကြီးများ၏ လမ်းညွှန်ချက်အရ ဗိုလ်လှရွှေအား ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းမှ အင်းစိန်ထောင်ကြီး သို့ ပြန်လည်ခေါ်ယူရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်။ သူပြောကိုယ်ပြော သတင်းများအရ ဗိုလ်လှရွှေ ခေါ် ဗိုလ်တိုက်အောင်မှာ ရန်ကုန် အနောက်ပိုင်းသား တစ်ဦးဖြစ်ပြီး အသက်(၃၀)ခန့်သာ ရှိသူဖြစ်၏။ အင်အားကြီးမားသူတစ်ယောက် မဟုတ်သော်လည်း ဓားပြမှု၊ ဖောက်ထွင်းမှုအပါအဝင် ပြစ်မှုပေါင်းများစွာ ကျူးလွန်ခဲ့သဖြင့် ရာဇဝတ်တရားရုံးက ဗိုလ်လှရွှေ ခေါ် ဗိုလ်တိုက်အောင်အား ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ခြင်းဖြစ်၏။

အချင်းဖြစ်ပွားသည့် ဧပြီလ(၂၅)ရက် နေ့ လယ်(၁၂)နာရီအချိန်တွင် သက်ဆိုင်ရာမှ တာဝန်ရှိ သော ရဲများနှင့် အချုပ်ကားသည် ဗိုလ်လှရွှေအား ခေါ်ဆောင်ရန် ရန်ကုန်ဆေးရုံကြီး အကျဉ်းသမား များထားသည့် ဆေးကုသခန်းသို့ ရောက်ရှိလာခဲ့၏။ ဗိုလ်လှရွှေခေါ် ဗိုလ်တိုက်အောင်မှာ နာမည်ကြီးလူ ဆိုးတစ်ယောက်ဖြစ်သဖြင့် သူ့အားခေါ်ယူရန်အတွက် လုံခြုံရေး တင်းကျပ်ထားခဲ့သည်။

ထို့နေ့ကမူ ဗိုလ်လှရွှေအား ဆေးရုံအချုပ်ခန်း မှထုတ်ယူရန် ရဲသားများက စီစဉ်ဆောင်ရွက်သည်နှင့် ဗိုလ်လှရွှေသည် အချုပ်ခန်းအတွင်း လက်အုပ်ချီ၍ မန်းမှုတ်လိုက်သည်နှင့် ဆေးရုံခုတင်သံတိုင်နှင့် ပူးတွဲ ခတ်ထားသော သံမဏိလက်ထိတ်သည် ရုတ်တရက် ခလုပ်ပြုတ် ကျွတ်ထွက်သွားတော့၏။ ရဲသားများမှာ တအံ့တသြဖြစ်နေစဉ် ဗိုလ်လှရွှေသည် " ဟေ့ ...ငါ ဗိုလ်တိုက်အောင်ကွ ..."ဟု ဆိုကာ အချုပ်ခန်း အတွင်းမှ စားပွဲများကို ရိုက်ချိုး၍ ရဲသားများအား ခုခံခဲ့တော့၏။

ရဲသားများနှင့် တာဝန်ရှိသူများကလည်း အချုပ်ခန်းအတွင်း ဝင်ရောက်ခြင်းမပြုဘဲ ဗိုလ်လှရွှေ အား အသာတကြည်နှင့် အဖမ်းခံရန် ဖျောင်းဖျသော် လည်း မရတော့။ သို့ဖြစ်၍ ထိုစဉ်က ရဲမင်းကြီး(ညွန် ကြားရေးမှူးချုပ်)ထံ သတင်းပေးပို့ရာ ရဲမင်းကြီး၏ ညွန်ကြားမှုနှင့် ဗဟိုမီးသတ်ဌာနအကူအညီတောင်း၍ ဗိုလ်လှရွှေအား မီးသတ်ပိုက်နှင့် ရေပက်စေခဲ့သည်။ ဗိုလ်လှရွှေ ရေမွန်းနေစဉ် ရဲသားများက ဝင်ရောက် ဖမ်းဆီးပြီး လုံခြုံရေးတင်းကျပ်စွာဖြင့် အင်းစိန်ထောင် ကြီးသို့ ပို့ခဲ့ရ၏။

အင်းစိန်ထောင်တွင်လည်း ဗိုလ်လှရွှေအား တိုက်ပိတ်ထားပြီး လုံခြုံရေးအစောင့်အရှောက် တင်း ကျပ်ထားခဲ့ရသည်ဟု ဆိုကြပါကြောင်း ...။

လှမိုး (ပညာရေး)

Manawmaya Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ