အွန်လိုင်းမှာအပျိုစင်ဘ၀ကိုလေလံတင်ရောင်းချထားတဲ့ ဆေးကျောင်းသူလေး ပထမဆုံးအကြိမ် မျက်နှာ လှစ်ဟပြ


သူမရဲ့ အပျိုစင်ဘ၀ကို လေလံတင်ရောင်းချ ထားတဲ့ ဆေးကျောင်းသူလေး Elizabeth Raine
ဟာ လေလံတင်မှု မှာ ပိုမိုစိတ်ဝင်စားကြစေဖို့  သူမရဲ့ မျက်နှာကို ပထမဆုံးအကြိမ် လှစ်ဟပြဖို့ 
ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် လှပချောမွေ့ တဲ့ ဆေးကျောင်းသူလေးဟာ သူမရဲ့ နာမည်အမှန်ကို အသုံးမပြုဘဲ အွန်လိုင်းကတဆင့် လေလံဈေးအများဆုံးပေးနိုင်တဲ့သူကို သူမရဲ့အပျိုစင်ဘ၀ အပ်နှင်းမှာဖြစ်ပါတယ်။ လက်ရှိ ဈေးအများဆုံးကမ်းလှမ်းထားတာကတော့ ပေါင် တစ်သိန်းရှစ်သောင်း ၀န်းကျင်ပါ။

သူမဟာ ပေါင် နှစ်သိန်းခွဲအထိ ရဖို့ မျှော်မှန်းထားပြီး ဘယ်လို လိင်ဆက်ဆံမှုပုံစံမျိုးကိုမှ သူမဘ၀မှာ မရှိခဲ့ဘူးလို့ ဝန်ခံထားပါတယ်။ ဒါ့အပြင် ကိုယ်လုံးတီးယောင်္ကျားတစ်ယောက်ကို တစ်ခါမှ မျက်ဝါးထင်ထင် မတွေ့ ဖူးသလို ဘယ်သူမှလည်း သူမရဲ့ အ၀တ်အစားမပါတဲ့ခန္ဓာကိုယ်ကို မမြင်ဖူးဘူးလို့ ဝန်ခံထားပါတယ်။

၁၂ နာရီ ချိန်းတွေ့ မှုမှာ သူမရဲ့အပျိုစင်ဘ၀ ပထမဆုံးလိင်အတွေ့ အကြုံပါ ပါဝင်မှာဖြစ်တယ်လို့ လေလံမှာ ဖော်ပြထားပါတယ်။

လေလံတင်တင်ချင်းအစမှာ သူမဟာ လိင်စိတ်ဆွဲဆောင်တဲ့အနေအထားနဲ့ ဓာတ်ပုံတွေ တင်ထားခဲ့ပေမယ့် သူမရဲ့ မျက်နှာကိုတော့ ဖုံးထားခဲ့တာပါ။ သူမရဲ့ ဆေးတက္ကသိုလ်ကနေ အထုတ်ခံရနိုင်ပေမယ့် လူသိရှင်ကြား မျက်နှာဖော်ပြဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

Treand Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ