သီလရှင်ဆရာလေးအား နင်းနှိပ်ပေးနေသူကို အိမ်းနီးနားချင်းဖြစ်သူက ဓားဖြင့်ဝင်ရောက်ခုတ်ရာမှ လူသတ် မှု ဖြစ်ပွား

စစ်ကိုင်း၊ မေ ၈

စစ်ကိုင်းမြို့နယ်၊ စမွန်းကျေးရွာတွင် သီလရှင်ဆရာလေးအား နင်းနှိပ်ပေးနေသူလူတစ်ဦး ဓားဖြင့်ဝင်ရောက် ခုတ်ခံရသည့်အတွက် ထိုနေရာ၌ပင်သေဆုံးသွားသည့် ပြစ်မှုဖြစ်စဉ်တစ်ရပ် မေလ ၇ ရက်နေ့ ညနေ ၃ နာရီ ခွဲအချိန်ကဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စစ်ကိုင်းတောင်ရိုးမှ စမွန်းကျေးရွာသို့ အလည်အပတ်ရောက်ရှိနေသည့် သီလရှင်ဆရာလေးတစ်ဦးအား အိမ်ရှင်ဖြစ်သူ မမြင့်မြင့်ထွေး ဆိုသူက နင်းနှိပ်ပေးနေစဉ် အိမ်းနီးနားချင်းဖြစ်သူ ကိုဂျက်ကီ(ခ) ကိုဖြိုးဖြိုး မောင်(ခ) ကုလား ဆိုသူမှ ဓားဖြင့်ဝင်ရောက်ခုတ်ခဲ့ခြင်းဖြစ်သည်။ ဓားဖြင့်အခုတ်ခံရသူ မမြင့်မြင့်ထွေး ဆိုသူ မှာ လည်ပင်းဝဲယာတွင် ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းပြတ်ရှဒဏ်ရာများဖြင့် ထိုနေရာတွင် သေဆုံးသွားခဲ့သည်။

ထိုသို့ အခင်းဖြစ်ပွားနေစဉ် သေဆုံးသူ မမြင့်မြင့်ထွေး၏သားဖြစ်သူ မောင်သက်မှူးနိုင် အသက်(၂၀)နှစ်ဆို သူက ၎င်း၏မိခင်အား ဓားဖြင့်ခုတ်ခဲ့သူကို ၀င်ရောက်လုံးထွေးဖမ်းဆီးခဲ့ရာ မောင်သက်မှူးနိုင်၏ ၀ဲဘက် လက်ခလယ်နှင့် လက်သန်းတို့တွင် ပြတ်ရှဒဏ်ရာ၊ နောက်ကျောပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ဆားတောင် တိုက်နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိနေကြောင်း သိရသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ကိုမောင်မောင်နိုင် ဆိုသူက တရားလို ပြု၍ တိုင်တန်းခဲ့ရာ စစ်ကိုင်းမြို့မရဲစခန်းက(ပ) ၂၀၅/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ အရ အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (Facebook)


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ