အထိုးအကြိတ်ခံပြီး ဝင်ငွေရှာနေသည့် သဲအိတ်လူသား

အထိုးအကြိတ်ခံပြီး ဝင်ငွေရှာနေသည့် သဲအိတ်လူသား အသက်(၄၈)နှစ်ရှိ ရှီသည် ၎င်းကို ထိုးနှက်ကန်ကျောက်သူများအား အံကြိတ်ခံရင်း တစ်လလျှင် ဝင်ငွေ ယွမ်(၂၀၀၀၀)မျှ ရရှိ
ကမ္ဘာပေါ်တွင် စိတ်ကူးဆန်းဆန်းဖြင့် ဝင်ငွေရရှိအောင် ကြံစည်ကြသူ အမျိုးမျိုး ရှိကြသော်လည်း တရုတ်နိုင်ငံမှ လူတစ်ဦး၏ အလုပ်အကိုင်ကမူ အတန်ငယ် မသက်မသာ ရှိလှသည်ဟု ဆိုရမည်ဖြစ်သည်။ ရှီရှိုင်ပင်းသည် ၎င်းကိုယ်ကိုယ် လူသားသဲအိတ်အဖြစ် သဘောထားက အထိုးအနှက်ခံပြီး ငွေကြေးရှာဖွေနေခြင်း ဖြစ်သည်။ အသက်(၄၈)နှစ်ရှိ ရှီသည် ၎င်းကို ထိုးနှက်ကန်ကျောက်သူများအား အံကြိတ်ခံရင်း တစ်လလျှင် ဝင်ငွေ ယွမ်(၂၀၀၀၀)မျှ ရရှိနေသူ ဖြစ်သည်။ ယင်းငွေပမာဏသည် ဗြိတိသျှ စတာလင်ပေါင် (၁၈၈၀)ဝန်းကျင်မျှ ဖြစ်သည်။

ရှီ၏ ဇနီးသည်နှင့် သမီးနှစ်ဦးက ယင်းအလုပ်ကို စွန့်လွှတ်ရန် တိုက်တွန်း တောင်းဆိုခဲ့သော်လည်း ရှီကိုယ်တိုင်က လိုလိုလားလား ရှိနေခြင်းကြောင့် လက်လျှော့ထားရသည်။ ဟူဘိုင်းပြည်နယ်၊ ဝူချန်မြို့တွင် နေထိုင်သော ရှီသည်  လူအများအား ၎င်းကို ထိုးကြိတ်ရန် ဖိတ်ခေါ်ပြီး ယင်းမှတစ်ဆင့် ဝင်ငွေရှာနေခြင်း ဖြစ်သည်။ (၂၀၀၄)ခုနှစ်က ရှီသည် စူပါမားကက် တစ်ခု၏ အရောင်းမြှင့်တင်ရေး အစီအစဉ်တွင် လူသားသဲအိတ် အနေဖြင့် စတင်၍ အစမ်းသပ်ခံခဲ့သည်။ ထိုစဉ်က ၎င်းသည် မိမိ၏ခေါင်းကို ဝိုင်ပုလင်းများဖြင့် ရိုက်နှက်ရန် ပရိသတ်များအား ဖိတ်ခေါ်ခဲ့သည်။ ထို့နောက်ပိုင်းတွင်မူ ရှီသည် ယင်းအလုပ်တွင် စွဲမြဲသွားပြီး မိမိ၏ ဝမ်းဗိုက်ကို ပြင်းနိုင်သမျှ ပြင်းပြင်းထန်ထန် ထိုးနှက်ကြပါရန် လူအများကို စည်းရုံးရင်း ဝင်ငွေကောင်းလာခဲ့သည်။

၎င်းက “ဘားတစ်ခုမှာဆို ကျွန်တော့်ကို လဲကျသွားအောင်၊ ဒါမှမဟုတ် ယိမ်းယိုင်သွားအောင် ထိုးနိုင်တဲ့သူကို အရက်အလကားတိုက်မယ် ဆိုပြီးတော့ စိန်ခေါ်ခဲ့ဖူးတယ်။ ပထမတော့ ကျွန်တော်က ဒါကို အပျော်သဘောပဲ လုပ်ခဲ့တာပါ။ ဒီအလုပ်မျိုးနဲ့ ဝင်ငွေရှာနိုင်မယ်လို့ မတွေးမိခဲ့ဘူး။ နောက်တော့ ဒီအလုပ်က ငွေမရရင် ကျွန်တော် မနေတတ်တော့မှန်း သိလာတယ်လေ”ဟု ရှင်းပြခဲ့သည်။ ရှီက မိမိ၏ မိသားစုသည် ယခုအလုပ်ကို လုံးဝမနှစ်သက်ဟုလည်း ဝန်ခံခဲ့သည်။ “ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော်ကတော့ ကိုယ့်အလုပ်ကိုယ် အောက်ကျနောက်ကျ ဖြစ်နေတယ်လို့ မထင်ပါဘူး။ ကျွန်တော့် အလုပ်ကနေ ပိုက်ဆံရနေတာပဲလေ”ဟု ရှီက ပြောဆိုသွားသည်။

Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ