လိင်အင်္ဂါနှစ်ခုပါ ကလေးငယ် ခွဲစိတ်ရန် အခက်ခဲဖြစ်နေ

မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ တပ်ရင်းကျေးရွာအုပ်စု၊ ဘွေကြီး ကျေးရွာ ထိုင်သူ အသက် (၉) နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် ယောကျာ်း အင်္ဂါနှင့် မိန်းမအင်္ဂါ နှစ်ခုစလုံး ပါရှိနေကြောင်း သိရသည်။

အဆိုပါ ကလေးမှာ မင်းလှမြို့နယ်၊ တပ်ရင်း ကျေးရွာအုပ်စု၊ ဘွေကြီး ကျေးရွာမှ ကျော်စန်းဦးနှင့် မကြွေတို့၏ သားဦးဖြစ်သော အသက်(၉)နှစ် အရွယ်ခန့်ရှိ ၄တန်း ကျောင်းသား ဇင်မျိုးသူ ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ အင်္ဂါနှစ်ခုပါ ကလေးတွင် မိန်းမအင်္ဂါ ပုံစံလည်း ပါရှိပြီး ယောကျာ်း အင်္ဂါဆီးသွား ပြွှန်တန်လည်း ပါရှိကာ ကျင်ငယ်စွန့် (ဆီးသွားသောအခါ) ဆီးသွားပြွှန်တန်မှ စွန့်ထုတ် နေရကြောင်း သိရသည်။

ယောကျာ်းအင်္ဂါနဲ့ မိန်းမ အင်္ဂါဆက်စပ်နေတဲ့ ဇင်မျိုးသူ သူ့ကို သရက်ဆေးရုံမှာ မွေးတာပါ မွေးတုန်းကတော့ မသိခဲ့ဘူး။ ကြီးလာမှ သတိထားမိတာပါ၊ ဒါပေမယ့် ငွေကြေး အခက်အခဲကြောင့် မကုဘဲ နေရာကနေ နောင်တစ်ချိန် ဒုက္ခရောက်လာမှာစိုးလို့ ဆေးရုံ ပြသခဲ့တာပါ။ ဒါပေမယ့် ရန်ကုန် ဆေးရုံးကြီးကို တက်ရောက် ကုသမှ ရမယ်လို့ ပြောပါတယ်”ဟု သူတို့ မိသားစု လာရောက် တည်းခိုသည့် သရက်အိမ်မှ ဒေသခံတစ်ဦးက ပြောပြသည်။

ဇင်မျိုးသူသည် ယောကျာ်းလေး စိတ်ရှိပြီး ယောကျာ်းလေး သူငယ်ချင်းများနှင့်သာ ဆော့ကစားတတ်သည်။ ယခုအခါ ခွဲစိတ်မှု ပြုလုပ်ရန် အတွက် အခက်အခဲများ ရှိနေပြီး ဆေးပညာ လမ်းညွှန်မှု လိုအပ်ကြောင်းနှင့် ရန်ကုန် ဆေးရုံကြီးတွင် လာရောက် ဆေးကုသမည် ဖြစ်ကြောင်းလည်း သိရသည်။

Tomorrow Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ