ဓာတ်ဆီ တစ်ဂါလံကို မိုင်ထောင်ချီမောင်းနိုင်တဲ့ Alérion Supermileage မော်တော်ယာဉ်

ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု တို့မှာ Eco-marathon အမည်ရတဲ့ ပြိုင်ပွဲများကို နယ်သာလန်နိုင်ငံ အခြေစိုက် ရေနံ ထုတ်လုပ်သူကြီး Shell က ကြီးမှူးပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ ရှိပါတယ်။

ယင်းပြိုင်ပွဲဟာ လောင်စာဆီ အသုံးပြုပြီး မောင်းနှင်ရတဲ့ မော်တော်ယာဉ်များ အတွက် အကျိုးများရန် ရည်ရွယ်ပြီး ဆီစားသက်သာတဲ့ မော်တော်ယာဉ် များကို ပြိုင်ပွဲဝင်များက အပြိုင်အဆိုင် တီထွင်ထုတ်ပြီး ပြိုင်ကြတဲ့ ပွဲဖြစ်ပါတယ်။

ဒီနှစ် အမေရိကန် ပြည်ထောင်စု၊ Texas ပြည်နယ်မှာ ကျင်းပတဲ့ ၂ဝ၁၄ Eco-marathon ပြိုင်ပွဲမှာတော့ ကနေဒါနိုင်ငံမှ Université Laval (Laval တက္ကသိုလ်) အသင်းက ယင်းတို့ရဲ့ ပုံပါ မျက်ရည်ပုံ သဏ္ဌာန်ရှိ ၃ ဘီးတပ် ရှေ့ပြေးပုံစံ မော်တော်ယာဉ်က တစ်ဂါလံ ၂၈၂၄ မိုင်နဲ့ အနိုင်ရရှိသွားပါတယ်။ ၂၈၂၄ မိုင်ကို ပကတိ ရုပ်လုံးပေါ်အောင် ပြောပြရရင် အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ခြမ်း နူးယော့ခ်မြို့ကနေ အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယား အထိ ကားနဲ့ သွားရင် ဓာတ်ဆီ တစ်ဂါလံနီးပါးပဲ ကုန်မှာဖြစ် ပါတယ်။ Université Laval အသင်းဟာ ပြီးခဲ့တဲ့ နှစ်များက ကျင်းပခဲ့တဲ့ ပြိုင်ပွဲ ၆ ပွဲမှာ ၅ ပွဲ အနိုင်ရရှိထားတဲ့ အသင်း တစ်သင်းပဲ ဖြစ်ပါတယ်။

ဒီစံချိန်ဟာ ယမန်နှစ် (၂ဝ၁၃) က Université Laval အသင်း ပြိုင်ပွဲဝင်ခဲ့တဲ့ တစ်ဂါလံ ၃၅၈၇ မိုင် မောင်းနှင်နိုင်တဲ့ မော်တော်ယာဉ်ရဲ့ စံချိန်ကို မချိုးနိုင်ဘဲ ရှိခဲ့ပေမယ့် အခြား ပြိုင်ပွဲဝင်များထက် ဆီစား သက်သာမှု သာလွန်ခဲ့ တာမို့ အနိုင် ရရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဒီလို ဆီစားသက်သာပြီး တစ်ဂါလံကို မိုင်များများရအောင် မောင်းနှင်နိုင်မယ့် ကားတွေကို လက်ရှိ ကားကုမ္ပဏီတွေ မထုတ်နိုင် သေးဘူးလားလို့ စာဖတ်သူ တို့ မေးစရာ ရှိပါလိမ့်မယ်။ တကယ်တော့ ဒီမော်တော်ယာဉ် ဟာ ရှေ့ပြေး ပုံစံ မော်တော်ယာဉ်သာ ဖြစ်တာက တစ်ကြောင်း၊ အဝေးပြေး လမ်းမကြီးတွေ မှာ မောင်းနှင် နိုင်လောက်တဲ့ အမြန်နှုန်းနဲ့ မော်တော်ယာဉ် အတွက် မရှိမဖြစ် လိုအပ်တဲ့ လုံခြုံရေး အင်္ဂါရပ်တွေနဲ့ ပြည့်မီခြင်း မရှိသေးတာက တစ်ကြောင်းကြောင့် တကယ်တန်း ဒီလို မော်တော်ယဉ်တွေ ထွက်ရှိလာခဲ့ ရင်တောင်မှ စစ်ဆေးချက်၊ စမ်းသပ်ချက်တွေ အမြောက်အများ ကို ဖြတ်ကျော် ရဦးမှာပါ။ ဒါပေမယ့် ဒီလို ဆီစားသက်သာတဲ့ မော်တော်ယာဉ်တွေကို အဝေးပြေး လမ်းမကြီးတွေပေါ်မှာ နှစ်အနည်းငယ် အတွင်း တွေ့ရှိရဖွယ် မရှိဘဲ ဆယ်စုနှစ် တစ်ခု ဒါမှမဟုတ် နှစ်ခုအလွန်ကို ဖြတ်ကျော်ပြီးမှပဲ တွေ့ရနိုင်ဖွယ် ရှိကြောင်း စာရေးသူ သုံးသပ်ပါတယ်။

TZ (MCG)
Myanmar Consumer Guide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ