Titanic ရုပ်ရှင်ရဲ့ခြောက်လှန့်ခြင်းကိုခံနေရဆဲဖြစ်နေတဲ့ Kate Winslet

Kate Winslet ဟာ Titanic ရုပ်ရှင်ထဲက ၀တ်လစ်စလစ် ဇာတ်ဝင်ခန်းရဲ့ခြောက်လှန့်ခြင်းကို ခံစားနေရဆဲဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်ကထွက်ရှိပြီး အကြီးအကျယ်အောင်မြင်ခဲ့တဲ့ အဆိုပါရုပ်ရှင်ဇာတ်ကားမှာ သူမရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း Leonardo DiCaprio ရဲ့ဇာတ်ကောင် Jack Dawson က သူမရဲ့ဇာတ်ကောင် Rose DeWitt Bukater ရဲ့ဝတ်လစ်စလစ်ပုံကို ရေးဆွဲပေးတဲ့ ဇာတ်ဝင်ခန်းမှာ Kate Winslet ဟာ ကိုယ်တုံးလုံး ချွတ်ခဲ့ရတာဖြစ်ပြီး အဲဒီ့ရုပ်ရှင်ရဲ့အချို့သောအခန်းတွေက ကြည်ရှုဖို့သိပ်အဆင်မပြေကြောင်းနဲ့ အဲဒီ့မူရင်းပုံရဲ့ ဓာတ်ပုံနဲ့ ပြန်လည်ဖန်တီးထားတဲ့ပုံတွေမှာ လက်မှတ်ထိုးပေးဖို့ငြင်းဆန်ပါတယ်။

“ကျွန်မအဲ့ဒီပုံမှာ လက်မှတ်မထိုးပေးပါဘူး။ စိတ်မသက်မသာဖြစ်စေပါတယ်။ ရှင်ဘာလို့ဒီလိုလုပ်ပေးရမှာလဲ။ ဒီပုံမှာ လက်မှတ်ထိုးပေးဖို့ လူတွေတော်တော်များများ တောင်းဆိုကြတယ်” လို့ ၃၈ နှစ်အရွယ်မင်းသမီးကပြောပါတယ်။

ခင်ပွန်းဖြစ်သူ Ned Rocknroll နဲ့ထွန်းကားခဲ့တဲ့ လေးနှစ်အရွယ်သားကလေး Bear နဲ့အခြားသူနဲ့ရတဲ့ သားသမီးတွေဖြစ်တဲ့ Mia ၁၃ နှစ်နဲ့ Joe ၁၀ နှစ် တို့ရဲ့မိခင် Kate က “ဒါကျွန်မကိုခြောက်လှန့်နေဆဲပါ။ တော်တော်လေးကို ရယ်စရာကောင်းပါတယ်” လို့ပြောပါတယ်။

အဲဒီလိုမျိုး ဘေးကြပ်နံကျပ်ဖြစ်စေတဲ့ ဇာတ်ဝင်ခန်းတွေကို သရုပ်မဆောင်ခင်မှာ မကြာခဏဆိုသလို အော့အန်မိတယ်လို့ လည်းပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ရှင်က ကိုယ့်စိတ်ကိုကိုယ် ဒုက္ခပေးတဲ့နေရာမှာ ထူးချွန်လာလိမ့်မယ်။ သရုပ်ဆောင်ရတာ ထိတ်လန့်ဖို့ကောင်းပါတယ်။ ငါမလုပ်နိုင်ဘူးလို့တွေးရတဲ့ ကာလတွေ ကျွန်မမှာ ရှိနေသေးတယ်။ လူတိုင်းက ကျွန်မ ဒါကို လုံးဝလုပ်နိုင်တဲ့ လူပဲလို့ထင်ကြတယ်။ ကျွန်မကြောက်လန့်တဲ့ ဇာတ်ဝင်ခန်းတွေရှိပါတယ်။ Labor Day ထဲကဇာတ်ဝင်ခန်းတစ်ခု၊ The Reader ထဲက တရားရုံးဇာတ်ဝင်ခန်းတွေပါ။ ပြောရတာနည်းနည်တော့ရှက်မိတယ်။ ကျွန်မ မကြာခဏဆိုသလို အော့အန်မိတယ်။ ဒါဟာ အေဒရီနလင်ကြောင့်ပါ” လို့ပြောပါတယ်။

Ref:starpulse.com
Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ