တရုတ်နိုင်ငံသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်မှု ဝတ်စားဆင်ယင်မှုတွေကိုသဘောကျတဲ့ ခင်လပြည့်ဇော်

သင်္ကြန်မှာ တရားစခန်း ခြောက် ရက်ဝင်မည့် Miss ခင်လပြည့်ဇော် က ယခင်နှစ်သင်္ကြန်ကို မိသားစု နှင့်သာ ဖြတ်သန်းလေ့ရှိကြောင်း ပြောသည်။
''ဒုတိယအကြိမ်မြောက်တရား စခန်းဝင်မှာပါ။ တက္ကသိုလ်ဝင်တန်း ဖြေပြီးတုန်းက တစ်ခါဝင်တယ်။ ဖိတ်ထားတဲ့မဏ္ဍပ်တွေတော့ရှိတယ်။ ၁၂ လရာသီမှာ အချိန်မရွေးပျော်လို့ ရတာတွေအများကြီးပါ။ ပြီးခဲ့တဲ့ နှစ်က ဘန်ကောက်မှာ မိသားစုနဲ့ အနားယူတယ်။ ကလေးဘဝတုန်း က ကားနဲ့မိသားစုလျှောက်လည်ဖူး တယ်။ ဟေးလားဝါးလားနေရတာ သိပ်ဝါသနာမပါဘူး။ သင်္ကြန်တွင်း အသောက်အစားလေးတွေလဲ ရှိ တတ်ကြတော့ မကြိုက်ဘူး''ဟု ၄င်းကပြောသည်။

သင်္ကြန်မတိုင်မီ အနုပညာလှုပ် ရှားမှုအနေဖြင့် 'လင်နှင့်မယား လျှာနှင့်သွား' တရုတ်ဇာတ်လမ်း တွဲအတွက် နောက်ခံအသံသွင်းပေး ရမည့်အလုပ်ကို အပြီးသတ် မည်ဟု သိရသည်။
'ဒီဇာတ်လမ်းမှာ အသံနဲ့ သရုပ်ဆောင်ဖို့ လက်ခံဖြစ်တာ ကသူတို့လာရွေးတာပါ။အသံ သရုပ်ဆောင်လဲမလုပ်ဖူးဘူး။ ညီမအသံနဲ့လိုက်ဖက်တဲ့အသံ ကိုရွေးပေးတယ်။နှစ်ယောက်၊ သုံးယောက်အစားနောက်ခံပြော ပေးရတယ်။လူတိုင်းက ဇာတ် လမ်းကို ကိုယ့်ဇာတ်ရုပ်ကိုယ့် အသံနဲ့ပဲ သရုပ်ဆောင်ရတာ လေ။ အခုသူများဇာတ်ရုပ်နဲ့ ကိုယ့်အသံဆိုတော့ လိုအပ် တာလဲ ပါတာပေါ့။ တရုတ် စကားနဲ့ မြန်မာစကားပြောပုံ ချင်းမတူဘူးလေ။ အသံသရုပ် ဆောင်ရတာ သဘောကျပါ တယ်။ လုပ်ငန်းရှင်မိန်းမတွေ ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း လေးပါ။ တရုတ်နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပဲ။ သူတို့သရုပ်ဆောင်တာ၊ ဖက်ရှင်ဝတ်စုံတွေကအစ သဘောကျတယ်''ဟု ခင်လ ပြည့်ဇော်က ထပ်မံပြောကြား ခဲ့သည်။

The Union Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ