အလုပ်ကိစ္စစကားများကြပြီး ယာဉ်နောက်လိုက်မှ ဓါးဖြင့်ထိုး၍ ယာဉ်မောင်းသေဆုံး

ရန်ကုန်၊ ဧပြီ ၎

၃.၄.၂၀၁၄ရက်နေ့ ၂၀၂၀အချိန်ခန့်တွင် မှော်ဘီမြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင် များသည် မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာ၊ အမှတ်(၄)ရပ်ကွက်ရှိ
မောင်ညွန့်(ခ) ခင်မောင်ညွန့် ၏နေအိမ်တွင် ဓါးဖြင့်အထိုးခံရ၍ လူတစ်ဦး
သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ
အဆိုပါကျေးရွာနေ ထိန်လင်း၊ ယာဉ်မောင်း၊ (ဘ)ဦးစိန်ရင်ဖြစ်ပြီး ၎င်းတွင်
ဝဲရင်အုံ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀မ်းဗိုက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊
ကျောပြင်ထိုးသွင်း ဒဏ်ရာ(၁)ချက်တို့ရရှိကာ ပလက်အနေအထားဖြင့်
သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၂၀၀၀အချိန်ခန့်က အခင်းဖြစ်နေအိမ်တွင် သေဆုံးသူ
ယာဉ်မောင်း ထိန်လင်းနှင့် ၎င်း၏ယာဉ်နောက်လိုက်ဖြစ်သူ အိမ်ရှင်
မောင်ညွန့်(ခ)ခင်မောင်ညွန့်တို့သည် ယာဉ်ထွက်မည့် အလုပ်ကိစ္စတိုင်ပင်
ပြောဆိုရာမှ အဆင်မပြေဖြစ်ကာ စကားများရန်ဖြစ်ကြစဉ် မောင်ညွန့်(ခ)
ခင်မောင်ညွန့်မှ ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရှိရပါသည်။

ယင်းကဲ့သို့ ပြစ်မှုကျူးလွန်ခဲ့သူ မောင်ညွန့်(ခ)ခင်မောင်ညွန့်၊ (၄၃)နှစ်၊ ယာဉ်
နောက်လိုက်၊ (ဘ)ဦးသိန်းရွှေကို မှော်ဘီမြို့မရဲစခန်း (ပ)၁၈၅/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ