အရှိန်မထိန်းနိုင်သောယာဉ်က ရှေ့မှမောင်းနှင်နေသော ယာဉ်အားဝင်တိုက်

နေပြည်တော်၊ ဧပြီ ၃၀

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန် နေပြည်တော်၊ ဒက်္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၀၂/၀-၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်း အရ ပလွေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်နေ ဘုန်းမောင်ဦး(၅၁)နှစ် မောင်းနှင်လာသော ၄စ/xxxx တိုယိုတာတောင်းအေ့စ်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ဇော်မင်းလတ်(၃၀)နှစ်မောင်းနှင်သည့် 8J/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်၏ ဘော်ဒီယာဘက်နောက်ပိုင်းစွန်းအား ၀င်ရောက်တိုက်မိပြီး ယာဉ်(၂)စီးလုံး လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်မိမှုကြောင့် 8J/xxxx ယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ၄စ/xxxxယာဉ်ပေါ်ပါ သင်္ဃန်းကျွန်းမြို့နယ်၊(ခ)ရပ်ကွက်နေ ဦးမြတ်ဇော်(၄၈)နှစ်တွင် ၀ဲခြေဖ၀ါး/၀ဲခြေဖနောင့်/၀ဲခြေခုံ/ယာခြေသလုံးပေါက်ပြဲ၊ ယာဒူးခေါင်းညိုမဲဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး 8J/xxxx ယာဉ်၏ ဘော်ဒီယာဘက်နောက်ပိုင်းပိန်ချိုင့်၊ ဘော်ဒီယာဘက်ခြမ်းဆေးပွန်း၊ ယာဘက် ရှေ့အချက်ပြ မီးကွဲ၍ တန်ဘိုးငွေကျပ် (၁)သိန်းခန့်နှင့် ၄စ/xxxxယာဉ်၏ရှေ့ခေါင်းပိုင်းဝဲဘက်ခြမ်း၊ ရှေ့လေကာမှန်ကွဲ၊ ၀ဲတံခါးပိန်ချိုင့်ပျက်စီး၊ ၀ဲ/ယာရှေ့မီးသီးကွဲကာ တန်ဘိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဘုန်းမောင်ဦးအား ပလွေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ