ကျောင်း မုန့်ဆိုင်ဈေးတန်းများ၌ အန္တရာယ်ရှိသော အစားအသောက်များ ကင်းစင်ပပျောက်ရေး ဆောင်ရွက်မည်

နိုင်ငံတစ်ဝန်း အခြေခံပညာ ကျောင်းများရှိ မုန့်ဈေးဆိုင်တန်းများတွင်
စားသုံးသူ ကလေးသူငယ်များ၏ ကျန်းမာရေးကို ဘေးဥပဒ် ဖြစ်စေနိုင်သည့် အန္တရာယ်ရှိသော အစားအသောက်များ၊ ကင်းစင် ပပျောက်ရေး အတွက် စီမံကိန်း တစ်ရပ်အနေဖြင့် လုပ်ဆောင်သွားရန် စီစဉ်ထားရာ လာမည့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှ စ၍ မြန်မာနိုင်ငံ အောက်ပိုင်းရှိ အခြေခံပညာ ကျောင်းများ၌ စတင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ အကာအကွယ်ပေးရေး အသင်းမှ သိရသည်။

ပြီးခဲ့သည့် စာသင် နှစ်များတွင်လည်း ထိုကဲ့သို့ ကလေးသူငယ်များ အတွက် အန္တရာယ်ရှိနိုင်သော အစားအ သောက်များ ရောင်းချခြင်း ရှိ၊ မရှိ နှင့် ပတ်သက်၍ စာသင်ကျောင်း တချို့ရှိ မုန့်ဈေးဆိုင်တန်းများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းအား သက်ဆိုင်ရာ တာဝန်ရှိသူများက များသောအားဖြင့် အစာအ ဆိပ်သင့်ကြောင်း သတင်း တစ်စုံတစ်ရာ ရရှိသော အခါမျိုးတွင်သာ လုပ်ဆောင်ခဲ့သော်လည်း ယခု လာမည့် ပညာသင်နှစ်တွင် သက်ဆိုင်ရာ အခြေခံပညာ ဦးစီးဌာနမှ လမ်းညွှန် ခွင့်ပြုချက်ဖြင့် စီမံကိန်းတစ်ရပ်အဖြစ် ချမှတ်ကာ ထိရောက်စွာ စစ်ဆေး ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံပညာ စာသင်ကျောင်းများမှ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ မိဘဆရာ အသင်း အကြီးအကဲများနှင့် ပူးပေါင်းကာ မုန့်ဈေးဆိုင်တန်းများတွင် ရောင်းချနေသော အစားအသောက် များကို လိုက်လံ စစ်ဆေးသွားမည် ဖြစ်ပြီး အန္တရာယ်ရှိသော အစားအသောက်များကို တွေ့ရှိပါက ကျောင်းအုပ်ကြီးမှ တစ်ဆင့် အရေးယူ တားမြစ်ပေးရန် ဆောင်ရွက်သွားမည် ဖြစ်သည်။ လိုအပ်ပါက နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော အစားအသောက်ဆိုင်ရာ ဥပဒေဖြင့် ရောင်းချသူများကို တရားစွဲသည် အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စားသုံးသူ အကာအကွယ်ပေးရေး အသင်းအနေဖြင့် အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံ အောက်ပိုင်းရှိ အခြေခံပညာ ကျောင်းများ၌ အကောင်အထည်ဖော် ဆောင်ရွက်၍ အရှိန်အဟုန် ရရှိလာသော အခါ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများရှိ စာသင်ကျောင်းများတွင်လည်း ဆက်လက် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ