ဟင်္သတတွင် ရုတ်တစ်ရက် ဓါတ်ဆီလှယ်ရာမှ အပှုရှိန် လွန်ကဲ၍ မီးလောင်မှု ဖြစ်ပွား

ဟင်္သာတ ဧပြီ ၃၀

ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတ မြို့နယ် ညောင်ပင် ရပ်ကွက် ဓမ္မာရုံ ကျောင်းလမ်းနှင့် တာသစ်လမ်းထိပ် ဆုံရာ (ယခင် မိုးဂွဲကျောင်းဂုံး) ယခု တိုက်သစ် မိုးကောင်း ကျောင်းဂုံးရှိ ဧရာရွှေဝါ စက်သုံးဆီ အရောင်းဆိုင်ခွဲတွင် ရေသန့်ဗူး အတွင်းသို့ ဓါတ်ဆီခွဲထည့်စဉ် အပူရှိန် လွန်ကဲမှုကြောင့် ငုင်းဓါတ်ဆီဆိုင်မှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။

မီးလောင်မှု ဖြစ်စဉ်တွင် အိမ်ရှင် ဦးကြည်လင်း (ဘ) ဦးဘမောင် ပိုင်ဆိုင်သော ဓါတ်ဆီဆိုင်မှ စတင်၍ ဧပြီလ (၃၀) ရက်နေ့ နေ့လည် ၁၅ နာရီအချိန်ခန့်တွင် စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး (၁၅း ၁၅) အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။ အဆိုပါ မီးလောင်မှုကြောင့် (၂၀×၂၀) ပေ သွပ်ကာ သွပ်မိုး ပျဉ်ခင်း ဓါတ်ဆီဆိုင်နှင့် (၁၀×၁၀) ပတ်လည် သွပ်ကာ သွပ်မိုး ပျဉ်ခင်း ဒေါက်တာ အံ့မော်ကောင်းပိုင် ဆေးခန်းတို့ မီးလောင် ကျွမ်းခဲ့ရသည်။

ဆီပုလင်းထဲသို့ ဓါတ်ဆီ ခွဲထည့်စဉ် မဥမ္မာလင်း (ဘ) ဦးကြည်လင်း အသက် (၃၂) နှစ်မှာ ၀ဲဘက် ကိုယ်ခန္ဒာ တစ်ခြမ်းတွင် မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင် ကုသလျှက်ရှိကြောင်းနှင့် မီးလောင်ရာ နေရာသို့ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဟင်္သာတ မီးသတ် တပ်ဖွဲ့စခန်းမှ မီးသတ်ယာဉ် (၄) စီးနှင့် အင်အား (၁၆) ဦး အရံမီးသတ် ( ၁၀ ) ဦးတို့နှင့် အတူ ပြည်သူများက ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ပြီး မီးလောင် ကျွမ်းမှုကြောင့် ပျက်စီး ဆုံးရုံးမှု တန်ဘိုး ငွေကျပ် (၈) သိန်းခွဲခန့် ဆုံးရုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရှိရပါသည်။

မီးစတင် လောင်ကျွမ်းရာ ပိုင်ရှင် ဦးကြည်လင်း (ဘ) ဦးဘမောင်အား (ပ) ၃၅ /၂ဝ၁၄ ပုဒ်မ ၂၈၅ ဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်း ရရှိပါသည်။

MOI Webportal Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ