သင်္ကြန်မှာ သီချင်းဆိုရင်း ဈေးလည်းရောင်းမယ့် အနဂ္ဂနဲ့သံသာဝင်း

အနဂ္ဂနဲ့သံသာဝင်းက မြိုင်ဟေဝန်ပန်းခြံဝင်းထဲမှာ ပြုလုပ်မယ့် သင်္ကြန်ပွဲတော်
မှာ သီချင်းလည်းဆိုရင်း ဈေးလည်းရောင်းကြမှာဖြစ်ပါတယ်။ သူငယ်ချင်း အဆိုတော် စောအဂ္ဂနဲ့အတူ ကြက်ကြော်၊ ဝက်သားကင်၊ ဆာတေး၊ ဆီဗူးကင်၊ ရောင်းဖို့ စီစဉ်ထားကြောင်း သံသာဝင်း က ပြောပြပါတယ်။

" အပျော်ရောင်းမယ်ပေါ့။ ကျွေးလို့လည်း ရတယ်လေ။ အစ်မအနေနဲ့လည်း တစ်ခါမှ အဲဒီလို မရောင်းဖူးဘူး။ အဲဒီလိုသင်္ကြန်ပွဲ မျိုးလည်း သိပ်မကြုံဖူးဘူး။ များသောအားဖြင့် သင်္ကြန်ဆိုရင် သီချင်းဆိုတာပဲများတယ်။ ပြီးတော့ ဒီနှစ်က အဖေ့ကျန်းမာရေးကြောင့်နယ်တွေကို သိပ်မသွားချင်ဘူး။

ရန်ကုန်မှာပဲနေပြီး နှစ်ယောက်စလုံးက အတူတူလည်း ရှိမယ်ဆိုတော့ အဲဒီမှာပဲ ဖြတ်သန်းမယ်။ သင်္ကြန်ဖီလင်ကတော့ အစ်မအနေနဲ့ ငယ်ငယ်တုန်းက သင်္ကြန်ကို ပိုကြိုက်တယ်။ အဆိုတော်ဖြစ်လာတဲ့ အခါကျတော့ သီချင်းပဲ ဆိုချင်တော့တယ်။ ရေစိုတောင် မခံချင်တော့ဘူး။ သင်္ကြန်ရောက်ရင်တော့ သင်္ကြန်ဖီလင်က ရှိတာပါပဲ" လို့ သင်္ကြန်ခံစားမှုနဲ့ ပတ်သက်ပြီး သံသာဝင်းက ပြောပြပါတယ်။

အခုခေတ်ရဲ့ သင်္ကြန်ကတော့ ခေါင်းစဉ်တစ်ခုအနေနဲ့ပဲရှိတော့ပြီး သင်္ကြန်ကို အသုံးချပြီး ပျော်စရာကနေပျက်တာတွေပါ ဖြစ်လာကြောင်း လူတွေအနေနဲ့ အပျော်ကိုပဲ ပိုမိုဦးစားပေးလာပြီး အပျော်နဲ့အတူ ဖက်ရှင်နဲ့ပတ်သက်ပြီးလည်း မိန်းကလေးအချင်း ချင်းတောင်မှရှုတ်ချမှုတွေဖြစ်လာတာတွေရှိကြောင်း ဒါကြောင့် ကိုယ့်ရဲ့သိက္ခာကို၊ ကိုယ်ကိုယ်တိုင်ပဲ စောင့်ထိန်းရမှာဖြစ်ကြောင်း သံသာဝင်းက ဆိုပါတယ်။

" နိုင်ငံခြားသားတွေဆိုရင် အစ်မတို့နိုင်ငံရဲ့သင်္ကြန်ကို သူတို့ကတ အားစိတ်ဝင်စားကြတာလေ။ သင်္ကြန်ရိုးရာကဘာလဲဆိုပြီး လိုက်လေ့လာနေကြတာပါ။ အဲဒီမှာ သင်္ကြန်ဆိုတာက ရိုးရာပျက် တာမျိုးတွေ တွေ့မယ်ဆိုရင် ကိုယ့်သင်္ကြန်က ကိုယ်လုပ်လို့ ရိုးရာ ပျက်တာမျိုးတွေ ဖြစ်ရတယ်။ ပျော်တဲ့အခါ မလွန်သွားဖို့တော့ ကိုယ့်
ကိုယ်ကိုယ်ပဲ ထိန်းရမှာပါ။ ကိုယ့်သိက္ခာကို ကိုယ်ပဲစောင့်စည်းဖို့ လိုပါတယ်" လို့ ပြောင်းလဲလာတဲ့ သင်္ကြန်ရဲ့ရေစီးကြောင်းကို သံသာဝင်းက ပြောပြပါတယ်။

လင်းအက္ခရာ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ