ဆိုးလ်တာဝါမှာ ချစ်သူနှစ်ဦး နာမည်ထိုးထားတဲ့ သော့ခလောက်ချိတ်ဆွဲခဲ့တဲ့ စန္ဒီမြင့်လွင်

တောင်ကိုရီးယားရှိ ချစ် သူစုံတွဲများပြုလုပ်လေ့ရှိသည့် သော့ခလောက်တွင် ချစ်သူနှစ်ဦး ၏ နာမည်ရေးထိုးကာ ဆိုးလ်တာ ဝါ၌ချိတ်ဆွဲခဲ့ကြောင်း စန္ဒီမြင့်လွင် က ပြောသည်။

‘‘ဆိုးလ်တာဝါမှာ ချစ်သူတွေ သော့ခလောက်လေးတွေမှာ နာမည်လေးတွေတွဲပြီး ချိတ်လေ့ ရှိတယ်။ တွဲပြီးချိတ်ရင် ခိုင်မြဲ တယ်ပေါ့။ သော့တံကတော့ ကိုယ့်ဆီမှာ သိမ်းထားတာပေါ့’’ဟု စန္ဒီမြင့်လွင်က ပြောသည်။

ဆိုးလ်မြို့တစ်မြို့လုံးကို မြင်တွေ့နိုင်သည့် ဆိုးလ်တာဝါပေါ် တွင် စုံတွဲများက ၎င်းတို့၏ နာမည်၊ ကဗျာများ၊ ဓာတ်ပုံများကို ချိတ်ဆွဲလေ့ရှိကြပြီး ထိုသို့ပြုလုပ်ခြင်းက ချစ်သူနှစ်ဦးကြားအချစ် ခိုင်မြဲမှု၊ သစ္စာစောင့်သိမှုပိုရသည် ဟု ယူဆကြသည်ဟု ဆိုသည်။

မတ်လ ဒုတိယပတ်က ကိုရီးယားနိုင်ငံသို့ ဖျော်ဖြေရေး သွားရင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချစ် သူသက်တမ်းတစ်နှစ်နှစ်လရှိပြီ ဖြစ်သော စန္ဒီမြင့်လွင်တို့စုံတွဲ၏ မင်္ဂလာသတင်းကြားရန် အချိန် များစွာလိုသေးကြောင်း စန္ဒီမြင့် လွင်က ပြောသည်။

‘‘ဒီအတိုင်းပဲ အလုပ်တွေ လုပ်ဦးမှာပါ။ လောလောဆယ် တော့ ဘာမှမရှိသေးပါဘူး။ မင်္ဂလာသတင်းဆိုတာ ကြိုပြော လို့မရတဲ့အရာတွေဆိုတော့’’ဟု စန္ဒီမြင့်လွင်က ပြောသည်။

‘‘ကလီယိုပက်ထရာ’’ဟု အမည်ပေးထားသော တတိယ တစ်ကိုယ်တော်အယ်လ်ဘမ်ကို လာမည့်မေလတွင် ထွက်ရှိနိုင်ရန် ပြင်ဆင်နေပြီး ဖြူဖြူကျော်သိန်း၊ ရန်ရန်ချမ်း၊ ဟဲလေး၊ အားတီတို့ ပါဝင်အား ဖြည့်ပေးထားသည်ဟု သိရသည်။

‘‘လောလောဆယ်တော့ စီဒီ အတွက်ကို လုံးပန်းနေရတာပေါ့။ အခွေသွင်းလိုက်၊ရှိုးပွဲသွားလိုက်၊ ဒီရက်တွေက ရှိုးပွဲတွေအရမ်းသွား နေရတော့ မအားဘူးလိုဖြစ်နေ တာ။ အခွေတောင်ပြီးပါ့မလား စိတ်ပူနေတာ’’ဟု ၎င်းကဆိုသည်။

ထိုအယ်လ်ဘမ်တွင် ဆိုနေ ကျပုံစံမျိုးမှ အနည်းငယ်ပြောင်း လဲထားသော အမိုက်စားသီချင်း များသာ ထည့်သွင်းမည်ဖြစ်ပြီး သီချင်းသီးသန့် မရေးသော်လည်းရက်ပ်(Rap)စာသားများပါဝင် ရေးသားထားကြောင်း ၎င်းက ပြောသည်။

7 Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ