ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးသွားတော့မယ့် ခင်ဝင့်ဝါ

ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးသွားတော့မယ့် ခင်ဝင့်ဝါMiss တစ်ယောက် အနေနဲ့ အနုပညာ နယ်ပယ်ထဲ ဝင်ရောက် လာခဲ့သူ ခင်ဝင့်ဝါ ကအခုဆိုရင် ကြော်ငြာ၊ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင် လာတာ တွေ့ရ ပါတယ်။ အခုလည်း ဒါရိုက်တာ ဆုသြချယ် ရိုက်ကူးတဲ့ အကျယ်ချုပ် ဗီဒီယိုဇာတ်ကားမှာ ခင်ဝင့်ဝါက ထိုက်စံမော့စ် နဲ့ အတူ ပါဝင် သရုပ်ဆောင် ထားပါတယ်။

အဲဒီ ဇာတ်ကား နဲ့ပတ်သက်ပြီး “ဒီကားမှာ ညီမက ရန်ကုန်ကို လာလည် တာပေါ့နော်။ မင်းသား ထိုက်စံရဲ့ မိဘအိမ် မှာနေပြီးတော့ ကျောင်း တက်ရမယ်။ ထိုက်စံရဲ့အမေက ထိုက်စံကို ငယ်ငယ်လေးကတည်းက ဆင်းဆင်းရဲရဲနဲ့ ပညာသင် ၊ကျောင်းထား ပေးတာပေါ့ နော် ။နောက်ပိုင်းသူနဲ့ မေတ္တာ မျှသွားတယ်။ မိဘက သဘောမတူဘူး။

ဒါပေမဲ့ နောက်ပိုင်း သဘောတူသွားတဲ့ ရိုမန့်ဆန်ဆန် ဇာတ်ကားလေးပါ” လို့ ပြောပြပြီး သူနဲ့ လိုက်ဖက်မယ့် ဇာတ်လမ်း မျိုးဆိုရင် ဆက်တိုက်လက်ခံ ရိုက်ကူး သွားမှာ ပါလို့ပြောတဲ့ ခင်ဝင့်ဝါက “လိုက်ဖက်မယ် ထင်ရင် ရိုက်ဖြစ်တယ်။ လူကြီးပုံစံမျိုး၊ ဒရာမာ ပုံစံမျိုးဆိုရင် ညီမနဲ့ သိပ် မလိုက် ဖက်ဘူးလေ။ ဒီတော့ဇာတ်ကို အရင် ကြည့်တယ်။ ဖတ်တာပေါ့နော်။ ဇာတ်ကို ကြည့်ပြီး လက်ခံ ရိုက်ဖြစ်သွားမှာပါ”လို့ လည်းပြောပါတယ်။

ခင်ဝင့်ဝါ အနေနဲ့ အခုဆိုရင် ကြော်ငြာ ၇ခုနဲ့ ဇာတ်ကား ၇ကား ရိုက်ကူး ပြီးစီး သွားပြီဖြစ်သလို နောက်ထပ် လည်း ရွှေစင်ဦး၊ သစ္စာ နှင်းဆီ ဗီဒီယို ထုတ်လုပ်ရေးတွေ နဲ့ ဇာတ်ကား ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။ ၄ လပိုင်း ပြင်ဦးလွင်မှာ ရွှေစင်ဦး နဲ့ ဇာတ်ကား ရိုက်ကူးဖို့ ရှိသလို အဲဒီက ပြန် လာရင်လည်း ဒါရိုက်တာ ကြည်ဖြူသျှင် နဲ့ဇာတ်ကား ရိုက်ကူးဖို့ ရှိတယ် လို့ ပြောပါတယ်။

ဒါ့အပြင် သင်္ကြန် အတွင်းမှာ ရိပ်သာဝင်ဖို့ စီစဉ်နေပေမယ့် တကယ်လို့ မဝင်ဖြစ်ရင် အိမ်မှာပဲ အေးအေးဆေး ဆေး နားမယ် လို့ ပြောပါတယ်။

By Popular News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ