ကွင်းလယ်ဒိုင်ကို ထိုးသော ရခိုင်အသင်းမန်နေဂျာအား ရာသက်ပန်ထုတ်ပယ်

ကွင်းလယ်ဒိုင်ကို ၀င်ရောက်ထိုးကြိတ်ခဲ့သည့် အသင်းမန်နေဂျာအား အသင်းမှ ရာသက်ပန် ထုတ်ပယ်လိုက်ပြီဖြစ်ပြီး အသင်းစီအီးအိုပြောခဲ့သည့် စကားများအတွက် တောင်းပန်ကြောင်း ရခိုင်ယူနိုက်တက်အသင်း (ပိုင်ရှင်) ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းက ပြောသည်။

‘‘မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရယ်၊ အားကစားနဲ့ ပရိသတ်တွေရယ်၊ အသင်းမန်နေဂျာရယ် ဟိုနေ့က ရှင်းလင်းပွဲ လုပ်တဲ့အခါမှာ လွဲမှားစွာ ပြောခဲ့တာတွေ ရှိနိုင်တယ်။ အဲဒီအတွက် တစ်ယောက်ယောက်ကို ထိခိုက်ခဲ့မယ်ဆိုရင် အသင်းပိုင်ရှင် (ဥက္ကဋ္ဌ) တစ်ယောက်အနေနဲ့ တောင်းပန်ပါတယ်။ ဒီလိုမျိုး နောက်ထပ် မဖြစ်အောင်လည်း လုပ်သွားပါမယ်’’ ဟု ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် (CEO) ဦးဇော်မင်းသိန်းက ဆိုသည်။

မတ်လ ၂၈ ရက်က ပဒုမ္မာကွင်း၌ အမှတ်ပေးဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်းနှင့် ရခိုင်ယူနိုက်တက်တို့၏ ပွဲတွင် ပွဲပြီးခါနီး ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို မကျေနပ်သော ရခိုင်ယူနိုက်တက်အသင်းကစားသမား အများစု စောဒကတက်ရာမှတစ်ဆင့် အသင်းမန်နေဂျာကပါ ကွင်းလယ်ဒိုင်လူကြီးကို ထိုးကြိတ်ခဲ့ကာ ရန်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရခိုင်အသင်းမှ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုနှစ် ဘောလုံးရာသီမစမီက အသင်းကို ပြန်အပ်ရန် စီစဉ်ခဲ့ရာတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ခေါ်ယူညှိနှိုင်းကာ လိုအပ်သော အကူအညီများပေးရန် ကတိပြုခဲ့သော်လည်း လက်ရှိအချိန်ထိ မည်သည့်ကူညီမှုမျိုးမျှမရသေးဟု ရခိုင်အသင်း စီအီးအို ဦးရဲနိုင်ဦးက ပြောကြားခဲ့မှုကို ပြန်လည်တောင်းပန်ခဲ့ခြင်းဖြစ်သည်။

‘‘ကစားခဲ့တဲ့ မိနစ် ၉၀ အတွင်းမှာ မှားခဲ့တာတွေလည်း ရှိ နိုင်တယ်။ ဒါပေမဲ့ ပွဲပြီးတော့ အ သင်းမန်နေဂျာက လုပ်လိုက်တဲ့ ဖြစ်ရပ်ဟာ အားကစားစိတ်ဓာတ် မရှိခဲ့တဲ့အတွက် အရေးယူတဲ့အ နေနဲ့ အသင်းကနေ ရာသက်ပန် ထုတ်ပယ်လိုက်တာဖြစ်ပါတယ်’’ ဟု ဦးဇော်မင်းသိန်းက ပြောသည်။

လက်ရှိတွင် ဟံသာဝတီအ သင်းနှင့် ရခိုင်ယူနိုက်တက်တို့ ကစားခဲ့သည့် ပွဲစဉ် အစ၊ အဆုံးအား ကြည့်ရှု၍ ဖြစ်စဉ်အပေါ်တွင် အမှား၊ အမှန် အဖြေတစ်ခု ထုတ်ပေးရန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံ တောင်းဆိုထားကြောင်း သတင်းရရှိသည်။

Author: နိုင်လင်းအောင်
7DAY DAILY

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ