မျက်နှာဘေးဘက်မှာ အကျိတ်ကြီးပေါက်လို့ အသည်းပုံခေါင်းဖြစ်နေတဲ့ အင်ဒိုကလေးငယ်


အင်ဒိုကလေးငယ်တစ်ဦးဟာ သူ့မျက်နှာရဲ့ညာဘက်ခြမ်းပေါ်မှာ အကျိတ်ထူထူကဲ ကဲပေါက်ပြီး မွေး ဖွားလာခဲ့ပါတယ်။ ဒီ့အတွက် အဲ့ဒီ့ကလေးငယ်ရဲ့ ဦးခေါင်းဟာ အသည်းပုံဖြစ်နေပါတယ်။
ဒီကလေးရဲ့ နာမည်ကတော့ Muhammad Nafi ဖြစ်ပြီး နှစ်လသားအရွယ်ရပါပြီ။ သူ့ရဲ့အကြိတ်ဟာ ခပ်မြန်မြန်ပဲ ကြီးကြီးလာနေပါတယ်။ သူ့ရဲ့မျက်နှာဟာ ဖူးယောင်နေပြီး ပုံပျက်ပန်းပျက် ဖြစ်ကျန်ရစ်ခဲ့တာပါပဲ။

ခုဆိုရင် ကလေးငယ်ရဲ့ မိဘတွေက သူ့ကိုကုသပေးနိုင်ဖို့အတွက် ပိုက်ဆံရှာဖို့ အစွမ်းကုန်ကြိုးစားနေကြပါတယ်။
Muhammad ရဲ့ အမေဟာ အသက်၂၂နှစ်အရွယ် Mailani ဖြစ်ပြီး၊ ဖခင်ဖြစ်သူကတော့ အသက် ၃၂နှစ်အရွယ် Buasinလို့ခေါ်သူ လယ်သမား တစ်ဦးပါ။ Muhammad က ဒုတိယသားပေါ့။ ‘ကျွန်မသားလေးအတွက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူး။ ကံတရားကိုပဲ အားကိုးနိုင်တော့တယ်။’ လို့ Mrs Nafi ကပြောပါတယ်။
Muhammad လေးကို ပွန်တီရာနက်ခ် မြို့က စိန့် အန်တိုနီးရပ်စ် ဆေးရုံမှာ လောလောဆယ် စောင့်ရှောက်ထားပါတယ်။ မွေးတုန်းကတော့ ၀မ်းဆွဲသည်ရဲ့ အကူအညီနဲ့ ကျန်းကျန်းမာမာမွေးဖွားခဲ့ပြီး ပေါင်ချိန် ၇ပေါင်ရှိခဲ့တယ်လို့ သိရပါတယ်။

ကလေးရဲ့မိခင်ဖြစ်သူ ပြောကြားချက်အရ ကိုယ်ဝန်ဆောင်ချိန်မှာ အကြီးအကျယ် ထိခိုက်မှု ဘာမှမရှိခဲ့ပေမယ့် ကိုယ်ဝန်၎လ နောက်ပိုင်းမှာတော့ မအီမသာကြီး ခံစားနေခဲ့ရကြောင်း သိခဲ့ရပါတယ်။

Ref:dailymail.co.uk
Trend Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ