တူရကီမှာ သွားရောက် ယှဉ်ပြိုင်ရမည့်Miss Globe Myanmar 2014 အလှမယ် ဂျူးစံသာ

Miss Globe Myanmar 2014 အလှမယ်ရွေးချယ်ပွဲကို မတ် လ၄ရက် နေ့လယ်၁၂နာရီက ကရဝိက်နန်းတော်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲတွင် အကဲဖြတ်ဒိုင်များ အဖြစ် ကိုဝေယံအောင်(CEO &Founder of Miss Golden Land Myanmar Organization)၊ Mr Rolando Quinones (From Phillipines)၊ အဆိုတော်အဲလက်စ်၊ သရုပ်ဆောင် အောင်သူရ CEO of Thura Swiss Co.Ltd)၊ မဥမ္မာ ကျော်ထွန်း(Ever Call Mobile) ၊ Mr Pawee Ventura (Co-owner of Miscosology Org) ၊သရုပ် ဆောင်ရီဝေယံ၊ ကိုမင်းခန့်ကျော် Cams ၊ ကိုဟန်ဇော်လတ်(CEO& Founder of Miss Golden Land Myanmar Organization)တို့က ဆောင် ရွက် ခဲ့ကြပါတယ်။ ပြိုင်ပွဲဝင် အလှမယ်၁၉ဦးက တိုင်းရင်းသား ဝတ်စုံနဲ့ ကာယအလှ မယ်ဝတ်စုံ၊ ရွှေအိုးကြီးပါတိတ်ဝတ်စုံနဲ့ ညနေခင်းဝတ်စုံများဖြင့် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ Missosology ဝက်ဆိုက်မှ ချီးမြှင့်တဲ့ Missosology’s Choice ဆုကို မေဇင်မာကို ပရိသတ်မဲအများဆုံးရရှိတဲ့ Miss Popular ဆုကို ဒီမိုး၊Miss Talent ဆုကို အိမွန်ခိုင် စတဲ့ Title Award ဆု၂ဝကို ချီးမြှင့်ပေး အပ်ခဲ့ပါတယ်။ Miss Globe Myanmarဆုကို ဂျူးစံသာ ရရှိသွားခဲ့ပြီး First Runner Up ဆု ကို အိမွန်ခိုင်၊Second Runner Up ဆုကို မေဇင်မာ ကို၊Third Runner Up ဆုကို နီနီမင်းသူ၊Fourth Runner Up ဆုကို အေးချမ်းမြေ့တို့က ရရှိသွားခဲ့ပါတယ်။ Miss Globe Myanmar 2014 သရဖူကို ဆွတ်ခူးသွားတဲ့ အလှမယ်ဂျူးစံသာ က တူရကီနိုင်ငံမှာ ကျင်းပမယ့် ၈၉ ကြိမ် မြောက် Miss Globe International 2014 ၂ဝ၁၄ ပြိုင်ပွဲကို ဧပြီ လထဲမှာ မြန်မာကိုယ်စားပြု အလှမယ် အနေနဲ့ သွားရောက် ယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။Miss Globe Myanmar ၂ဝ၁၄ အလှမယ် ဂျူးစံ သာကို နိုင်ငံတကာအလှမယ်ပြိုင်ပွဲ အတွက် အစွမ်းကုန်ပံ့ပိုးပေး သွားမှာ ဖြစ်ကြောင်းကို Miss Globe Myanmar Organization ရဲ့ National Director မလှနုထွန်းက

“Miss Globe Myanmar က ဂျူးစံသာဖြစ်နေမယ့်လည်းTop 5 နဲ့နှင်းရည် ဝင်းကိုTraining ဆက် ပေးသွားမှာပါ။ ဖိလစ်ပိုင်ကို သင်္ကြန် ရုံးပိတ် ရက်မှာသွားပြီး ဂျူးစံသာနဲ့ မေမြတ်နိုး (Miss Asia Pacific World Myanmar) တို့ကို training ပေးသွားမှာပါ။ သူတို့ကို အဓိက ဘယ်လို ပဲဖြစ်ဖြစ် မျက်နှာမပျက်ဖို့၊ ပြိုင်ပွဲမှာဆိုလည်း အခက်အခဲလေး တွေရှိတယ်။ ဒါပေမဲ့ သူတို့ပြုံးပြီး သူတို့တာဝန်သူတို့ ကျေသွားတယ်။ သူတို့လုံးဝမျက်နှာ မပျက် သွားဘူး။ နောက်တစ်ခုက Lady Life ဖြစ် အောင် training ပေးမယ်။ ဂျူးစံသာ က ၁၇နှစ်ပဲရှိသေးတော့ ငယ်သေး တယ်လေ။ ကလေး တစ်ယောက် မ ဟုတ်တော့ဘူး။ ကလေးတစ်ယောက် လိုမျိုး စကားကို ပြော လို့မရတော့ ဘူး။ မပြောခင်မှာ စဉ်းစားရတော့ မယ်။ အမျိုးသမီးငယ်လေး တစ် ယောက်ဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ဘယ်လိုစကားပြောမလဲဆိုတာ လှနု အမျိုးသား ကိုဖြိုးပိုင်ဦးက training လုပ်ပေးမယ်။ လှနုတို့ကလည်း Personality Development Course သင်တန်းပေးတာဆိုတော့ သူ့ကို အဲဒါတွေ အားလုံးသင်ပေး မှာပါ” လို့ ပြောပါတယ်။ Miss Globe Myanmar အလှမယ် ဂျူးစံ သာက အသက်၁၇နှစ်၊ အရပ်၅ပေ ၆လက်မရှိပြီး ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှာ ပထမနှစ်(ရူပဗေဒ)ကို သင်ကြားနေ သူတစ်ဦးဖြစ်ပါတယ်။ နိုင်ငံကိုယ်စားပြုအနေနဲ့ တူရကီနိုင် ငံမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ကြောင့် ဝမ်းသာဂုဏ်ယူမိကြောင်းကို ဂျူးစံသာက..

“ညီမ တအားဝမ်းသာပါတယ်။ ကိုယ့်နိုင်ငံက Miss တစ်ယောက် အနေနဲ့ သွားပြိုင်ရမှာဖြစ်တဲ့အတွက် လည်း ဂုဏ်ယူပါတယ်။ မြန်မာကို ကမ္ဘာက သိလာအောင်လို့ အစွမ်း ကုန်ကြိုးစားသွားမှာပါ။ ပရိသတ်တွေ အားပေးမှုသာ ရရှိမယ်ဆိုရင်ညီမ အတွက်ပိုပြီးအားတက်စေမှာပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ