လေးလသား အရွယ် ကလေးငယ်၏ ဦးနှောက် အတွင်းမှ သွားပုံစံ အကျိတ်ကို အောင်မြင်စွာ ဖယ်ရှား နိုင်ခဲ့

အမေရိကန်ပြည်ထောင်စု ဆရာဝန်များသည် လေးလသား အရွယ် ကလေးငယ် တစ်ဦး၏ ဦးနှောက် အတွင်းမှ ဖြစ်ခဲလှသည့် သွားပုံစံ အကျိတ်တစ်ခုကို အောင်မြင်စွာ ဖယ်ရှား နိုင်ခဲ့ကြောင်း New England ဆေးပညာဂျာနယ်၏ ခေါင်းကြီး ပိုင်းတွင် ဖော်ပြ ထားသည်။

အဆိုပါ အကျိတ်သည် Craniopharyngioma ဟု အမည်ပေး ထားသော ဦးနှောက် အကျိတ် တစ်မျိုး ဖြစ်ပြီး ပထမဆုံး အကြိမ် တွေ့ရှိခြင်း မဟုတ်ကြောင်း၊ ယခင်ကလည်း မျက်စိ ကဲ့သို့သော အရာများ၊ ဆံပင်များ၊ သွားနှင့် အရိုးပုံစံ တစ်သျှူး အမျိုးမျိုးကို တွေ့ရှိ ခဲ့ဖူးကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။

ယင်းအကျိတ်သည် သန္ဓေသားလောင်း ပင်စည်ဆဲလ်မှ ကြီးထွား လာခြင်း ဖြစ်ပြီး အခြား ဆဲလ်များ အဖြစ်သို့ ပြောင်းလဲသွား နိုင်ဖွယ်ရှိကြောင်း၊ Craniopharyngioma ကို ဟော်မုန်းဓာတ် ထုတ်ပေးသော အကျိတ် ဟုလည်း ခေါ်တွင်ကြောင်း၊ ကလေးငယ်၏ ဦးနှောက် အတွင်းမှ သွားပုံစံ အကျိတ်ကို မဖယ်ရှားမီ ၎င်းဦးနှောက် အတွင်း ထုံးအရည် အနည် များကို တွေ့ရှိ ခဲ့ကြောင်း မေရီလန်း ဆေးတက္ကသိုလ် ဦးနှောက်နှင့် အာရုံကြော ဌာနမှ ဒေါက်တာ နာလင်ဘိတီးက ပြောကြားခဲ့သည်။ Craniopharyngioma အမည်ရှိ ဦးနှောက် အကျိတ်သည် အတော် အသင့် ကြီးထွား နိုင်ဖွယ် ရှိသော်လည်း ပြန့်ပွားခြင်း မရှိ သောကြောင့် ၎င်း ကလေးငယ်သည် အလွန် ကံကောင်းသူ ဖြစ်ကြောင်း ဆရာဝန် များက ပြောကြား ခဲ့သည်။

(YN)
မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ