မယားကြီးက မယားငယ်အား အက်ဆစ်ဖြင့် ပက်မှု ဒဂုံတောင်တွင် ဖြစ်ပွား

ရန်ကုန်-မတ်၆

ရန်ကုန်တိုင်းဒေသကြီး ဒဂုံတောင်မြို့ နယ်တွင်မယားကြီးက မယားငယ်အားအက်ဆစ်ဖြင့်ပက်မှုတစ်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတိုင်းရုံးမှသိရသည်။

မတ် လ ၁ ရက်နေ့  ၁၃း၃၀ အချိန်တွင် မ---(၂၅) နှစ် သည် ခင်ပွန်းဖြစ်သူ လှမျိုး နှင့်အတူ (၈)ရပ်ကွက်၊ဒဂုံတောင်ရှိ နေအိမ်တွင် အတူရှိနေစဉ် လှမျိုး ဧ။် မယားကြီး မ--- ရောက်လာပြီး မ---(၂၅) နှစ်-နှင့်စကားများရာ အနီးရှိ ဘက္ထရီ လဲထားသော အက်ဆစ်ခွက်နှင့်ပစ်ပေါက်သဖြင့် မ---(၂၅) နှစ်ဧ။် မျက်လုံးများအား အက်ဆစ်ရေများထိမှန်ခဲ့ပြီး မျက်လုံးနီရဲဒဏ်ရာရရှိခဲ့ကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ပြင်ပလူနာ(မစိုးရိမ်ရ)ဖြင့်ဆေးကုသနေရကြောင်းရဲတိုင်းရုံးမှသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အက်ဆစ်ဖြင့်ပစ်ပေါက်သူ မ---အား အရေးယူပေးရန် ဒဂုံတောင် မမစ(ပ) ၁၈၇/၁၄ ၊ပြစ်မှုပုဒ်မ ၃၂၆ဖြင့် ၅.၂.၂၀၁၄ နေ့ ၁၅း၅၀ အချိန်တွင် အမှုဖွင့်ထားကြောင်းရဲတိုင်းရုံးမှသိရသည်။

ZWY
Popular Myanmar News Journal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ