ယနေ့ နံနက် ရန်ကုန် - မန္တလေး အမြန်လမ်း တွင် ယာဉ်မတော်တဆမှု ဖြစ်ပွား၊ ယာဉ်နောက်လိုက်သေဆုံး

မန္တလေး -မတ်၆

ယနေ့ နံနက်(၀၁း၃၀)နာရီ အချိန်ခန့်တွင်ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၇၈/၃ နှင့် ၁၇၈/၄ ကြား (အသွားလမ်း)၌ ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်မောင်း ဦး---မောင်းနှင်ပြီး ခရီးသည် (၄၄)ဦးနှင့် ယာဉ်နောက်လိုက်(၂)ဦး လိုက်ပါလာသော
ရန်ကုန် - မုံရွာ ယာဉ်လိုင်း ယာဉ်အမှတ် (1G/××××)သည် ညာဘက်ရှေ့ဘီးပေါက်ပြီး
အရှိန်မထိန်းနိုင်ဘဲ အသွားလမ်းမှ အပြန်လမ်းဘက်သို့ ရောက်ရှိသွားကာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယာဉ်မောင်းနှင်သူမှာ အရက်သေစာ သောက်စားထားခြင်း မရှိ ၊ အိပ်ငိုက်ခြင်း မရှိသော်လည်း ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးချိန်တွင် ယာဉ်မောင်းထွက်ပြေးတိမ်းရှောင် သွားပြီး ယာဉ်နောက်လိုက် ဦး--- (၃၂)နှစ်မှာ သေဆုံးသွားကြောင်းသိရသည် ။

အဆိုပါ ယာဉ်မတော်တဆမှု ကြောင့် ယာဉ်၏ ညာဘက်ရှေ့ဘီး ပြုတ်ထွက် ၊ တံခါးပြုတ်ထွက် ၊
ဝဲဘက်ရှေ့ဘီးနှင့် နောက်ဘီးများ ပေါက်ကာ ယာဉ်၏ ရှေ့ အောက်ပိုင်းတို့ ပျက်စီးသွားပြီး
Concrete Barrier အသွားလမ်းတွင် ၁၀ တုံး ၊ အပြန်လမ်းတွင် (၃)တုံး ၊ Road Curb (၈၀)ပေတို့လည်း ပျက်စီးသွားကြောင်းသိရသည် ။

ယာဉ်မတော်တဆမှုကို သာဂရ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။051

photo -MinistryofConstruction
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ