ငါးမြွေ ထိုးဗိုက်ထဲဝင်ကာသေဆုံး

တောင်ငူ မတ် ၅

တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကြိမ်တောမြောင်ကျေးရွာအုပ်စု မင်းကျိုင်းကျေးရွာနေ မင်းနိုင်ဦး (၃၈)နှစ် (ဘ)ဦးရဲစိန်သည် ယမန်နေ့ညနေ ၅နာရီခွဲခန့်က ရွာ၏အနောက်ဘက် လယ်သမားတူးမြောင်း အတွင်း သားဖြစ်သူ ချမ်းမင်းဦး(၁၄)နှစ် အုတ်တွင်းမြို့နယ် ဆိတ်ဖူးကုန်းကျေးရွာနေသူများ ဖြစ်သော မျိုးနိုင်ဝင်း(၁၉)နှစ်၊ စိုင်းလင်း (၁၆)နှစ်တို့နှင့်အတူ ပိုက်ကွန်ပစ်ပြီး ကွန်တွင်မိသော ငါးမြွေထိုးကိုဖြုတ်၍ ပါးစပ်၌ကိုက်ထားစဉ် အဆိုပါငါးမြွေထိုးမှာ ပါးစပ်တွင်းဝင်သွားပြီး လည်ချောင်း၌တစ်ကာ အသက်ရှူ ကျပ်သေဆုံးခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဇရပ်ကြီးနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၄/၂ဝ၁၄ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

မင်းဝံ
The Union Daily


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ