ပလက်ဖောင်းပေါ်တွင်ထိုင်ကာ လက်ဖက်ရည် သောက်နေသူ၏ ခေါင်းပေါ်သို့ (၅)လွှာရှိ တိုက်ခန်းမှ ကွန်ကရစ်တုံး ပြုတ်ကျခဲ့၍ သေဆုံး

ရန်ကုန်၊ မတ် ၂၄

၂၃.၃.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်း အထက်ရပ်ကွက်၊ ဗညားဒလလမ်းနှင့် သြဘာလမ်းထောင်ရှိ ကုဋေကြွယ် လက်ဖက်ရည်ဆိုင်ရှေ့ ပလပ်ဖောင်းပေါ်တွင် လက်ဖက်ရည်ထိုင်သောက်နေသူ ပျားရည်ကုန်းရပ်ကွက်နေ ဦးမင်းအောင်(၅၈)နှစ်၏ ဦးခေါင်းပေါ်သို့ တိုက်အမှတ်(၃၄၄)၊ (၅)လွှာ-စီ၏ အိမ်ရှေ့ဝရန်တာ ရေကာဆန်းရှိတ် အစွန်းမှ အရှည်(၂)လက်မ၊ ထုနှင့်ဗျက်(၅)လက်မပတ်လည်ခန့်ရှိ ကွန်ကရစ်တုံးပဲ့ကျခဲ့၍ ၎င်းတွင် နဖူးစပ်မှ ၀ဲချိုစောင်းထိ စုတ်ပြဲဖူးရောင် ဒဏ်ရာ ရရှိခဲ့သောကြောင့် ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြော အထူးကုသဆောင်တွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိစဉ် ၂၄.၃.၂၀၁၄ ရက်နေ့ ၀၇၀၅ အချိန်တွင် ရရှိသောဒဏ်ရာဖြင့်သေဆုံးသွား ခဲ့ပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး တာမွေမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ