သမီးယောက္ဖချင်း စကားများရန်ဖြစ်ပြီး ရိုက်နှက်ကြရာမှ သေဆုံး

ရန်ကုန်၊ မတ် ၂၄

၂၂.၃.၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊  နွယ်ခွေကျေး ရွာနေ ဒေါ်အေးအေးမြင့်သည် နေအိမ်တွင် ရှိနေစဉ် တစ်ရွာတည်း နေထိုင်သော သားဖြစ်သူ သန့်ဇင်ဦး၊ (၂၇)နှစ်၊ (ဘ)ဦးစိုးသိန်း ရောက်ရှိလာပြီး ၂၁.၃.၂၀၁၄ ရက်နေ့ညက ၎င်းနှင့် ယောက္ဖဖြစ် သူ ဖိုးထောင်(ခ)သန်းခိုင်၊ (၂၉)နှစ်၊(ဘ)ဦးထူး၊ ပျဉ်းမပင်ကျေးရွာ၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်နေသူတို့သည် နေအိမ်ရှေ့၌ စကားများရန်ဖြစ်ပြီး သစ်သားတုတ်ဖြင့် အပြန်အလှန်ရိုက်နှက်ကြရာမှ ၎င်းတွင် ဦးခေါင်းဖူးရောင်၊ ၀ဲလက်မောင်းညိုမဲ၊ ရင်ဘတ်ပွန်းခြစ်၊ ၀ဲပုခုံးနာကျင်ဒဏ်ရာများ ရရှိခဲ့သည်ကို ပြောပြသိရှိခဲ့ရကြောင်း၊ ၂၃.၃.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် သားဖြစ်သူ၏ဒဏ်ရာများမှာ စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်းကို သိရှိခဲ့ရသည့်အတွက် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသခဲ့ရာ၂၄.၃.၂၀၁၄ ရက်နေ့ ၀၂၄၀ အချိန်တွင် သားဖြစ်သူသန့်ဇင်ဦးမှာ သေဆုံးသွားခဲ့ကြောင်း
နှင့် ယင်းသို့ပြစ်မှုကျူးလွန်သူ ဖိုးထောင်(ခ)သန်းခိုင်ကို အရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။

ယင်းသို့တိုင်တန်းချက်အရ ဖိုးထောင်(ခ)သန်းခိုင်အား ထောက်ကြန့်နယ်မြေ ရဲစခန်း(ပ)၈၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ