ဦးကိုကိုကြီး၏ မင်္ဂလာဧည့်ခံပွဲ ရန်ကုန်နှင့် ကလေးတွင် ပြုလုပ်မည်

ရန်ကုန်၊ မတ် ၅

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး၏ မင်္ဂလာဧည့်ခံပွဲကို ရန်ကုန်မြို့နှင့် ကလေးမြို့တို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ဦးမြအေးက ပြောကြားသည်။

ဦးကိုကိုကြီးသည် မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်ခင်သူသူဝင်းနှင့် နှစ်ဦးသဘောတူ လက်ထပ် မင်္ဂလာစာချုပ်တွင် လက်မှတ် ရေးထိုးခဲ့ပြီးနောက် မင်္ဂလာ ဧည့်ခံပွဲကို မတ်၂၁ ရက်နေ့တွင် ကလေးမြို့နှင့် ဧပြီ ၆ ရက်နေ့တွင် ရန်ကုန်မြို့တို့၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကလေးမှာ လုပ်တာကတော့ သူ့အမျိုးသမီးရဲ့ ဇာတိဖြစ်လို့ပါ။ လုပ်မယ့်နေရာတွေ ကိုတော့ ပြောလို့ မရသေးပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ဒေါ်ခင်သူသူဝင်းသည် ကလေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၁၉၉၀ ပြည့်နှစ် အရွေးချယ်ခံ ကိုယ်စားလှယ် ဒေါက်တာသိန်းဝင်း (ကွယ်လွန်) ၏ သမီး ဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ သိရသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး လွှတ်တော်တွင်း နိုင်ငံရေးကို အလေးထား လေ့လာနေပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံထားကာ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက လွှတ်တော်ရေးရာ ကိစ္စရပ်များတွင် ဝင်ရောက် ပါဝင်လာရန် ကမ်းလှမ်းခြင်း ခံထားရသူ တစ်ဦး ဖြစ်သည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ