၃၆ ပေရှည်သည့် ကြောက်မက်ဖွယ် အန်နာကွန်ဒါမြွေကြီး

ဆွစ်ဇာလန်လူမျိုး မြွေဝါသနာရှင်နှင့် သဘာဝလေ့လာရေးသမား ဖရန်ကိုဘန်ဖီသည် ဘရာဇီးနိုင်ငံ မာတိုဂရိုဆိုနယ်အတွင်းတွင် အလျား ၃၆ပေအထိရှည်သော အန်နာကွန်ဒါအမျိုးအစားြွေမကြီးတစ်ကောင်ကို အနီးကပ်မှတ်တမ်း ဓာတ်ပုံများရိုက်ကူးနိုင်ခဲ့သည်။

အဆိုပါရှားပါးမျိုးစိတ် မြွေကြီး၏ အစာရှာဖွေအပြီးတွင် အဆိုပါအသက်၅၃နှစ်အရွယ် ဆွစ်လူမျိုး ဖရန်ကိုမှ အနီးကပ် ဓာတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

မှောင်ခိုဈေးကွက်တွင် အမေရိကန်ဒေါ်လာ သိန်းချီတန်ဖိုးရှိသည့် အဆိုပါမြွေမျိုးကို ဘရာဇီးနိုင်ငံ၌ အတွေ့ရများပြီး ၎င်းတို့သည် ရှည်လျားလှသော အမေဇုန်မြစ်တစ်လျှောက် အပူပိုင်းမိုးသစ်တောများတွင် ပေါက်ဖွားရှင်သန်နေကြသည့်သည့် တွားသွားသတ္တ၀ါ မျိုးစိတ်များထဲတွင် အရွယ်ပမာဏ အကြီးမားဆုံး မျိုးစိတ်တစ်ခုဖြစ်သည်။အဆိုပါမြွေကြီးကို မကြောက်မရွံ့ အနီးကပ် ဓာတ်ပုံရိုက်ခဲ့သူက မြွေကြီးမှာအစာစားပြီးခါစဖြစ်၍ ယခုကဲ့သို့ အန္တရာယ် တစ်စုံတစ်ရာ မပေးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Source: ပြည်မြန်မာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ