Miss Myanmar ခင်ဝင့်ဝါအတွက် ဆုနှစ်ဆုကို Global Beauties နှင့် Missosology တို့ မှ မြန်မာနိုင်ငံတွင် လာရောက်ပေးအပ်မည်

ရန်ကုန်၊ မဇ္ဈိမ။ ။Miss Supranational Myanmar ခင်ဝင့်ဝါကို ကမ္ဘာ့အအောင်မြင်ဆုံး အလှမယ် Website များဖြစ်သည့် Global Beauties နှင့် Missosologyတို့ မှ ကမ္ဘာ့အကောင်းဆုံး အလှမယ် စာရင်းဝင် အဖြစ် ဆုများချီးမြှင့်ကြမည်ဟု သိရသည်။

ခင်ဝင့်ဝါကို ဖိလစ်ပိုင် အခြေစိုက် အလှမယ်ကုမ္ပဏီ တစ်ခုဖြစ်သည့် Missosology ကလည်း Miss Supranational ပြိုင်ပွဲတွင် ဆုမပေးအပ်ခဲ့ရသည့် Peolpe Choice Award ဆုကို Miss Golden Land Myanmar 2014 ပြိုင်ပွဲတွင် ပေးအပ်မည် ဖြစ်ပြီး တောင်အမေရိကားတိုက် အခြေစိုက် အလှမယ် ကုမ္ပဏီ တစ်ခုဖြစ်သည့် Global Beauties ကလည်း Miss Grand Slam Popularity ဆုကို ပေးအပ်မည် ဖြစ်သည်။

Miss Golden Land Myanmar 2014 ဒါရိုက်တာ ကိုဝေယံအောင်က " ခင်ဝင့်ဝါက Miss Supranational မှာ People Choice Award ဆု အတွက် အသိအမှတ်ပြု ခံရပေမယ့် Missosology ပိုင်ရှင်က ပွဲကို ကိုယ်တိုင် မလာနိုင်တော့ ဆုမချီးမြှင့်ပေးခဲ့ရဘူး။ အဲဒါကြောင့် Global Beauties နှင့် Missosology တို့က သူတို့ မြန်မာပြည်ကို ရောက်ရှိလာတုန်း ခင်ဝင့်ဝါ ရရှိခဲ့တဲ့ ဆုတွေကို ပေးအပ်သွားမှာပါ "ဟု ပြောသည်။

Global Beauties Website ကြီးကလည်း ခင်ဝင့်ဝါကို ကမ္ဘာ့ အလှမယ်ပြိုင်ပွဲကြီးများအားလုံးရဲ့ ပရိသတ်များ ချစ်ခင်အားပေးခြင်းအခံရဆုံး Miss Grand Slam Popularity ဆုနဲ့ Missosologyက ပေးအပ်မည့် People Choice Award ဆုများကို Miss Golden Land Myanmar 2014 Final Night တွင် ချီးမြှင့်မည်ဖြစ်သည်။

Global Beauties Website နဲ့ Missosology Website တို့မှ တာဝန်ရှိသူများက မေလတွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည့် Miss Golden Land Myanmar 2014 ပြိုင်ပွဲ၌ နိုင်ငံခြားပညာရှင် ဒိုင်အဖြစ်
ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပြီး Miss Golden Land Myanmar 2014 ပြိုင်ပွဲကို မေလ ပထမပတ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲသည် ၃ပတ်ကျော် ကြာမြင့်မည်ဖြစ်သည်။ Final ပြိုင်ပွဲကြီးကိုမူ မေလ တတိယပတ်တွင် ကျင်းပမည်ဟု သိရသည်။

Miss Myanmar ခင်ဝင့်ဝါသည် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကြီးများတွင် မြန်မနိုင်ငံ၏ ပထမဆုံးသော Semi-final စကာတင်စာရင်းဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည့် Miss Myanmar တစ်ဦးဖြစ်ပြီး ဆုအများဆုံး ရရှိခဲ့သော Miss Myanmar လည်းဖြစ်သည်။

သူမသည် ယခုချိန်အထိ နိုင်ငံတကာမှ ပညာရှင်များ အဖွဲ့ အစည်းများက ပေးအပ်ချီးမြှင့်သော ဆုပေါင်း (၁၀)ခုကျော်ကို ရရှိထားသည့် မြန်မာပြည်၏ တစ်ဦးတည်းသော အလှမယ် ဖြစ်သည်။

ခင်ဝင့်ဝါသည် ၂၀၁၃ ခုနှစ်၏ အလှမယ်ပြိုင်ပွဲ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အလှမယ်(၁၀၀၀) ကျော်အနက် ထိပ်ဆုံး (၄)ယောက်မြောက် စာရင်းဝင်ဖြစ်ခဲ့သည်အထိ အောင်မြင်မှုရရှိကာ မြန်မာ့အလှကို ကမ္ဘာက အသိအမှတ်ပြုအောင် လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်။

ပန်းမြတ်ဇော်
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ