တူရိယာတစ်ခုခုနဲ့ နေ့တိုင်းမထိရရင် မနေနိုင်တဲ့ ဖိုးကာ

တူရိယာတစ်ခုခုကို တီးခတ်တတ်ခြင်းဟာ သီချင်းရေးတဲ့နေရာမှာ အထောက်အကူပြုပြီး မတီးတတ်ပါက သီချင်းထပ် တာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုလာသူကတော့
တေးရေး၊တေးဆို ဖိုးကာဖြစ်ပါတယ်။

" ပါးစပ်နဲ့ပဲ စိတ်နဲ့ပဲရေးလာတဲ့ အခါမှာ ရှေ့ပိုင်းရေးတဲ့ အား တွေကတော့ ကောင်းတာပေါ့။ နောက်ပိုင်းရေးတဲ့သီချင်းတွေမှာ ပုံစံတူလာနိုင်တယ်။

တူရိယာတစ်ခုခုကိုတီးတတ်မှ တခြားပုံစံကွဲသီချင်းမူကွဲတွေ ဖန်တီးနိုင်မှာဖြစ်တယ်လို့ ယူဆပါတယ်။ တချို့ ယောက်ျားလေးတွေမှာ လည်း တွေ့ဖူးတယ်။

အဆိုတော်တော် ကောင်းပေမယ့်အတီးမှာကျတော့ ကောင်းကောင်းမတီးတတ်တာတွေ့ဖူးတယ်။ အဲ့ဒီတော့ သီချင်းရေးနိုင်မှု အားနည်းနိုင်တာပေါ့။ နောက်တစ်ခုက Music Frame တွေက

ရှိနေတဲ့အခါကျတော့ ဒီထဲမှာ ကောက်စွပ်လိုက်တာမျိုးတွေတွေ့ရတယ်။ ဒါပေမဲ့ ဒါတွေက ရေရှည်အတွက်တော့ မကောင်းဘူးလို့ထင်တယ်။ ကြာလာတဲ့အခါကျရင် သံစဉ်တွေ ပုံစံတွေတူလာနိုင်တယ်။ သိပ်အများကြီးလုပ်နိုင်မယ် မထင်ဘူး။ အဲ့ဒီလိုလုပ်ရင်းနဲ့မှ တူရိယာတစ်ခုခုကို လေ့လာစေချင်တယ်" လို့ ဖိုးကာက
တူရိယာတစ်ခုခုတီးတတ်ဖို့လို ကြောင်းကို ပြောပါတယ်။

တေးသံရှင်ဖိုးကာအနေနဲ့ အမြဲ ထိတွေ့ဖြစ်တဲ့ တူရိယာပစ္စည်းကတော့ ဂစ်တာလို့လည်း သိရတာကြောင့် အဲဒီအကြောင်းကို " များသောအားဖြင့်ကတော့ ဂစ်တာပေါ့။

ဂစ်တာကတော့ တစ်နေ့မဟုတ်တစ်နေ့လက်နဲ့ ထိ နေရမှနေသာထိုင်သာရှိတာ။ လက်ကလေးနဲ့ ကြိုးကလေးနဲ့ ထိရတဲ့အရသာကိုတအား သဘောကျတယ်။

တစ်နေ့တစ်ကြိမ်တော့ ပုံမှန်ထိတွေ့ ဖြစ်တယ်။ ဒရမ်တို့ဘာတို့ကတော့ တီးပေမယ့် အိမ်က လူတွေဆူညံမှာ စိုးလို့မတီးဖြစ်ဘူး" လို့ ဖိုးကာက ပြောပါတယ်။တူရိယာတစ်ခုတီးခတ်တတ်ထားခြင်းက လူတစ်ယောက်ရဲ့ဘဝအတွက် အနည်းဆုံးတော့ စိတ်အပန်း ဖြေမှုရစေတယ်ဆိုတဲ့ အကြောင်းကိုလည်း ဖိုးကာက "
အနည်းဆုံးတော့ နာရီဝက် တစ်နာရီတော့ relex ဖြစ်စေတယ်။ ဝါသနာမပါရင်တော့ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ဂစ်တာလေးတီးတတ်နေတာ။ စန္ဒရား လေးတီးတတ်နေတဲ့ အပေါ်မှာ အပန်းဖြေလို့ရတယ်" လို့ ပြောပါတယ်။

ဖိုးကာက လတ်တလောမှာတော့ သူ့ရဲ့နောက်ဆုံးထွက် စီးရီး အိပ်မက်(၁)၊ အိပ်မက် (၂) VCD ထုတ်ဖို့ကိစ္စကို နောက်ခွေနဲ့မှ တွဲထုတ်မလား၊ တစ်ခါ တည်းပေါင်း ထုတ်မလား ဆိုတာကို စဉ်းစားနေပြီး VCD ကိုတော့ သီချင်းအားလုံးမရိုက်ဖြစ်ဘဲ Hit ဖြစ်တဲ့ သီချင်းတွေ လောက်သာ MTV အနေနဲ့ ထုတ်ဖြစ်မယ်လို့လည်း သိရပါတယ်။

ရဲရဲ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ