အာဆင်နယ်နှင့်ပွဲကို ကစားသမားဘဝတစ်လျှောက် အကောင်းဆုံး ပွဲစဉ်တစ်ခုဟု ဂျရတ်သုံးသပ်

အာဆင်နယ်ကို ဂိုးပြတ်အနိုင်ရသော ပွဲစဉ်သည် မိမိ၏ လီဗာပူးလ် ကစားသမားဘဝတွင် အမှတ်တရ အဖြစ်ဆုံး စွမ်းဆောင်မှုတစ်ခုအဖြစ် ယူဆနိုင်ကြောင်း အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ပြောကြားလိုက်သည်။

လီဗာပူးလ်သည် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်နေသော အာဆင်နယ်ကို အန်းဖီးလ်၌ (၅-၁)ဖြင့် ချေမှုန်းသွားခဲ့သည်။ ချန်ပီယံလိဂ်တွင် (၂၀၀၅)ခုနှစ်က ဂျူဗင်းတပ်စ်ကို (၂-၁)ဖြင့် အနိုင်ရခဲ့မှု၊ (၂၀၀၉)ခုနှစ်က ရီးယဲလ်မက်ဒရစ်ကို (၄-၀)ဖြင့် အနိုင်ရခဲ့မှုများကဲ့သို့ပင် ယခုပွဲစဉ်သည်လည်း မိမိ၏ ကစားသမား ဘဝအတွက် အချိုမြိန်ဆုံး အမှတ်တရ ဖြတ်သန်းမှု တစ်ခုဟု အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်က ဆိုသည်။ "ကျွန်တော် ဖြတ်သန်းခဲ့တဲ့ (၁၅)နှစ်တာ ကာလတွေမှာ အကောင်းဆုံး ခြေစွမ်းမျိုး ပြနိုင်တဲ့ပွဲတွေကို ပြန်ပြီး စဉ်းစားကြည့်မိပါတယ်။ ချန်ပီယံလိဂ်မှာ တစ်ပွဲနှစ်ပွဲလောက် အကောင်းဆုံး လုပ်ပြခဲ့တာတွေ ရှိမယ်။ အာဆင်နယ်နဲ့ ပွဲစဉ်ကတော့ လီဗာပူးလ်နဲ့အတူ ကျွန်တော် ကစားဖူးသမျှ အကောင်းဆုံး စွမ်းဆောင်ရည်မျိုး ပြသနိုင်တဲ့ ထိပ်ဆုံး(၃)ပွဲလောက်မှာ အပါအဝင် ဖြစ်ပါလိမ့်မယ်"ဟု ဂျရတ်က ပြောကြားခဲ့သည်။

အသင်းမန်နေဂျာ ဘရန်ဒန်ရော့ဂျာကမူ "လူတိုင်းက ပွဲကျပ်တစ်ခုအဖြစ် မျှော်လင့်ထားကြတယ်။ ဒါပေမဲ့ ပထမပိုင်းမှာတင် ပွဲက ပြီးနေပြီ။ ကျွန်တော့်အသင်းရဲ့ စွမ်းဆောင်ရည် အပိုင်းနဲ့ ပတ်သက်လို့ ကျွန်တော် သိပ်ဂုဏ်ယူတယ်။ ကျွန်တော်တို့ အနေနဲ့ ရှေ့ဆက် တိုးတက်လာရမယ့် အခြေအနေတွေဆီ အများကြီး ရှေ့ဆက်သွားရဦးမှာပါ။ ဒါပေမဲ့ အသင်းမှာ သိပ်ကို ကောင်းမွန်တဲ့ အရိပ်အခြေ လက္ခဏာတချို့ ပေါ်ပေါက်လာတာ ကျေနပ်စရာပါပဲ"ဟု မှတ်ချက်ပြုထားသည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ