ခရီးသည်တင်ဟိုင်းလပ်ယာဉ် အရှိန်လွန်ကာတိမ်းမှောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

၁၇.၂.၂၀၁၄ ရက်နေ့ ၀၃၀၀ အချိန် ပြည်လမ်းအတိုင်း အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမှ မင်္ဂလာဒုံမြို့နယ်ဘက်သို့ ယာဉ်မောင်းကိုသိန်းမင်း မောင်းနှင်လာသည့် တိုက်ကြီး-ရန်ကုန်-သာယာဝတီ ပြေးဆွဲသော ၁ခ/----ဟိုင်းလပ် ခရီးသည်တင်ယာဉ်သည် မင်္ဂလာဒုံမြို့နယ်၊ ဒါရ်ဂါဘုရား ကျောင်းအနီး အရောက်တွင် အရှိန်လွန်ကာ ၀ဲဘက်သို့တိမ်းမှောက်သွားခဲ့ ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ထောက်ကြန့်မြို့နေ ကိုကျော်ဝင်းနိုင်မှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ပြီး ကျန်ခရီးသည်(၅)ဦးတွင် ဖူးရောင်၊ ပေါက်ပြဲ၊ နာကျင် ဒဏ်ရာများရရှိခဲ့၍ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် ဆေးကုသမှု ခံယူလျက်ရှိပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုသိန်းမင်းအား မင်္ဂလာဒုံမြို့မရဲစခန်း ယာဉ် (ပ)၉/၂၀၁၄၊ ပုဒ်မ ၃၃၈/၂၇၉/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ