မျှော်လင့်ချက်တစ်စုံတစ်ရာကို ပရိသတ်တွေစောင့်ကြည့်စေချင်တဲ့ နီနီခင်ဇော်

ဓာတ်ပုံ - နစ်ကီ
ရွှေအက်ဖ်အမ်မှချီးမြှင့်သော အကျော်ကြားဆုံးတေးသီချင်းဆုရရှိခဲ့သည့်  “မာရီယို” ခွေမှ “မျှော်လင့်ချက်တစ်စုံတစ်ရာ” သီချင်းဗီစီဒီရိုက်ကူးထားမှုကို ပရိသတ်များစောင့်ကြည့်စေချင်ကြောင်း နီနီခင်ဇော်ကပြောသည်။

““နီနီတော်တော်သဘောကျတဲ့ MTV ဖြစ်တော့ ထွက်လာမှပဲ ရန်ခုန်စွာနဲ့ ကြည့်စေချင်တယ်။ ဘယ်လိုရိုက်ထားတယ်ဆိုတာတော့ မပြောပြသေးဘူး””ဟု အဆိုတော်နီနီခင်ဇော်ကပြောသည်။

“မာရီယို”တစ်ကိုယ်တော်ခွေကို သင်္ကြန်အပြီးတွင် ထွက်ရှိနိုင်ရန် ပြင်ဆင်နေပြီး ဗီစီဒီခွေကို အရည်အသွေးအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေကြောင်း နီနီခင်ဇော်ကပြောသည်။

အခွေတွင် နီနီခင်ဇော်ကိုယ်တိုင်၊ အမျိုးသားမော်ဒယ်များအပြင် ၀င့်ယမှုံလှိုင်၊ ပက်ထရစ်ရှာ စသည်တို့   ပါဝင်သရုပ်ဆောင်ထားသည်။ ဆေးကျောင်းပြီးသွားသည့်အတွက် ဂီတအလုပ်များကို ပိုမိုလုပ်ဆောင်ရင်း ဆရာဝန်ဘွဲ့ယူရန် စောင့်ဆိုင်းနေသည်ဟု ၎င်းက ပြောသည်။ ဒုတိယအခွေအတွက် အချစ်သီချင်းငါးပုဒ်ခန့် စုဆောင်းထားပြီး ၂၀၁၅ နှစ်ဆန်းတွင် ထွက်နိုင်ရန် ရည်မှန်းထားသည်ဟုဆိုသည်။

Author: ကြူကြူဟန်
7day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ