မော်တော်ယာဉ်နှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၉/၃)အနီး၊ ဘောနတ်ကြီးမှ ဘုရားကြီးသို့သွားသော အမြန်လမ်းမတံတားကြီးအောက် ကားလမ်း၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီး အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။

ထို့သို့စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁)ရပ်ကွက်နေ စောဘိုအေး (၂၈)နှစ်မောင်းနှင်လာသော ၁ခ/xxxx ကာရီနားအဖြူရောင်ယာဉ်သည် အမြန်လမ်းမှ ဘုရားကြီးရွာသို့ မောင်းနှင်လာစဉ် ဘုရားကြီးရွာမှ ဘောနတ်ကြီးရွာသို့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်နေ သက်နိုင်(၃၉)နှစ် မောင်းနှင်လာသော ၃၅ယ/xxxxx ဟွန်ဒါဝေ့ဗ် ၁၁၀ အနီရောင်ဆိုင်ကယ်နှင့် လမ်းကွေ့၌မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်းတွေ့ရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် သက်နိုင်မှာ ၀ဲ/ယာဒူးခေါင်း၊ ယာတံတောင်ဆစ်/ ၀ဲလက်ခုံပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ကာရီနားယာဉ်မှာ ရှေ့လေကာမှန်ကွဲအက်၊ ၀ဲဘက်ရှေ့မီးကွဲ၊ တန်ဘိုးငွေကျပ် (၂၀၀၀၀၀ိ/-)ခန့်၊ ဆိုင်ကယ်မှာ ရှေ့ဖောက်ကောက်၊ ဒူးကာ(၂)ခုကွဲ၊ တန်ဘိုးငွေကျပ်(၅၀၀၀၀ိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စောဘိုအေးနှင့်သက်နိုင်တို့အား ဘောနတ်ကြီးအမြန်လမ်းရဲစခန်းယာဉ်(ပ)၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ