ပဲခူးမှာ စက်ဘီးစီးနေသူကို ကားဝင်တိုက်

(7-2-2014)ရက်နေ့  ညနေ (၄း၃၀)အချိန်ခန့်တွင်  ၇န်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ်  166  ပဲခူး (၁၀)မိုင်ကုန်းအနီး  ပန်းကမ္ဘာ စားဥယဉ်အရှေ့တွင်  ရန်ကုန် ဘက်မှ မောင်းနင်လာသော  အမှတ်(၆)ယာဉ်လိုင်း   ယာဉ်နံပါတ် B 6772 ဟိုင်းလတ်ယာဉ်သည်  ကားအရှေ့မှ  စက်ဘီးစီးပြီးသွားနေသော လူငယ်တစ်ဥိးအား အနောက်မှ ၀င်ရောက်တိုက်ခိုက်ပြီး  ကားကို မောင်းပြေးသွားကြောင်း  အနီးမှ လူများမှ ပြောပြကြသည် ။ 

အတိုက်ခံရသည့်  လူငယ်မှာ စက်ဘီးဖြင့် အလုပ်မှ ပြန်လာခြင်းဖြစ်နိုင်သည်  အနီးအနားမှ လူများက ထိုသူငယ်အား မည်သည့်ရွှာ မှ ဖြစ်ကြောင်း မသိရှိကြပါ။ ယာဉ်မောင်းမှာ  ယာဉ်ကိုမောင်းပြေးသွားပြီး  (၁၀)မိုင်ကုန်းအနီးတွင်  ယာဉ်အား ထားခဲ့ပြီး လူများ အလွတ်ဆင်းပြေးသွားကြောင်း  ပဲခူးဘက်မှလာသည့်  လူများပြောကြသည်။

၎င်း ယာဉ်တိုက်ခိုက်မှုအား  အနီးရှိလူများမှ  သက်ဆိုင်ရာ  အင်းတကော်ရဲစခန်းသို့  သတင်းပေးပို့ပြီး  လူနာအား ယာဉ်အကူအညီတောင်းပြီး  ပဲခူးဆေးရုံသို့  ပို့ပေးခဲ့သည်။

အင်းတကော်ရဲစခန်းမှ  ဒုရဲအုပ် တစ်ဦးရောက်ရှိလာပြီး အမှုအား ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  သိရှိရပါသည်။

BY THIT HTOO LWIN


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ