မြန်မာဖက်ရှင်သီတင်းပတ် စတင်၊ မြန်မာမော်ဒယ်လောက ဝါးမြိုခံရနိုင်ဟု ဂျွန်လွင် သတိပေး

နိုင်ငံရေး စီးပွားရေး ပွင့်လင်းလာချိန်မှာ အနောက်နိုင်ငံတွေက မြန်မာပြည်ရဲ့ ဖက်ရှင်နဲ့ မော်ဒယ်လောအပေါ် စိတ်ဝင်စားမှု မြင့်တက်လာနေပေ မယ့် ပြည်တွင်းက ဖက်ရှင်မော်ဒယ်လောကရဲ့ အားထုတ်မှုကတော့ ကျဆင်းနေတာကြောင့် ဝါးမြိုခြင်းခံရမယ်လို့ ဂျွန်လွင်က ဖေဖော်ဝါရီ ၇ရက်နေ့မှာ သတိပေးလိုက်ပါပြီ။

နိုင်ငံတကာ မော်ဒယ်နဲ့ ဖက်ရှင်တွေ ထိုးဖောက်ဝင်ရောက်လာတဲ့အခါ ပြည်တွင်းက မော်ဒယ်နဲ့ ဖက်ရှင်လောကဟာ ကိုယ့်ပရော်ဖက်ရှင်နယ်အပေါ် အလေးအနက်မရှိကြဘူးလို့ Star and Models က ဂျွန်လွင်က မြန်မာဖက်ရှင် သီတင်းပတ်မှာ ပြောဆိုခဲ့ပါတယ်။

ရန်ကုန်မြို့ Junction Square မှာ ကျင်းပတဲ့ Myanmar Fashion Week ကို ၃ရက်ကြာ ကျင်းပနေပြီး ဥရောပ နိုင်ငံပေါင်းစုံက မော်ဒယ် ၆ယောက်နဲ့အတူ မြန်မာမော်ဒယ်တွေ ပူးတွဲတင် ဆက်တာဖြစ်ပြီး နိုင်ငံတကာနဲ့ပြည်တွင်းကို နှိုင်းယှဉ်ကြည့်နိုင်စေဖို့လို့ ဆိုပါတယ်။

မြန်မာဖက်ရှင်သီတင်းပတ် ဖွင့်ပွဲကို ပရိသတ် ၂ထောင်ကျော် တက်ရောက်အားပေးခဲ့ကြပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီတွေ ပံ့ပိုးပေးခဲ့ကြသလို လူငယ်တွေရဲ့ နှစ်သက်အားပေးမှုကိုလည်း အများဆုံး ရရှိခဲ့ကြပါတယ်။

kamayutmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ