လှည်းကူးမှာ တောဆင်ရိုင်းနင်းခံရသဖြင့် လူတစ်ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

၇.၂.၂၀၁၄ရက်နေ့ ၀၉၂၀ အချိန် လှည်းကူးမြို့နယ်၊ ဖောင်ကြီးနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရဲစခန်း အရှေ့မြောက်ဘက်(၁၀)မိုင်ခန့် အကွာရှိ မင်းကုန်းကျေးရွာအုပ်စု၊ ကြခတ်ပင်တောစခန်း၌ ဆင်နင်း၍ လူတစ်ဦးသေဆုံးကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံး
သူမှာ မင်းကွန်းကျေးရွာနေ ကိုမျိုးညွန့်ဖြစ်ပြီး ၎င်းတွင် ခန္ဓာကိုယ်
အောက်ပိုင်းကြေမွ၊ ၀မ်းဗိုက်ပေါက်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည် ကိုတွေ့ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၆.၂.၂၀၁၄ ရက်နေ့ ၂၂၀၀အချိန်ခန့်က ၎င်းသည် ကြခတ်ပင်တောစခန်းသို့ အလုပ်လုပ် ရန်ရောက်ရှိနေစဉ် တောဆင်ရိုင်း
များဝင်ရောက်လာကာ နင်းခြေခဲ့သဖြင့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဖောင်ကြီးနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၄)ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police




မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ