မင်္ဂလာဆောင်သွားရင်း မောင်ဖြစ်သူ(၂၈)နှစ်သား ပျောက်ဆုံးနေ၍မီဒီယာကိုအကူအညီတောင်း


အစ်မဖြစ်သူနှင့် မင်္ဂလာ ဆောင်သွားရင်း တစ်နှစ်ကြာပြန် မလာ၍ စကားမပြောတတ်သော အသက်(၂၈)နှစ်အရွယ် မောင် အတွက် မီဒီယာကိုအကူအညီပေး ပါရန်တောင်းခံလာသည်။
အမည်မှာ ဖိုးသံချောင်း(၂၈) နှစ်ဖြစ်ပြီး စကားမပြောတတ်ပဲ စိတ်မမှန်သူဖြစ်သည်။

မြင်းခြံမြို့ အမှတ်(၁၅)ရပ်ကွက် “ရွှေအင်ကြင်း” အမျိုးသမီးဆောင်တွင် အစ်မ ဖြစ်သူ မနီလာဝင်းနှင့်နေထိုင်သူ ဖြစ်သည်။

၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီ (၁၃)ရက်က မင်္ဂလာဆောင်သွား ရင်း မောင်ဖြစ်သူလူပျောက်ကို ရဲစခန်းတိုင်ပြီးစုံစမ်းသော်လည်း သတင်းမရ၊ ရှာမတွေ့သည်မှာ တစ်နှစ်ရှိနေ၍ တွေ့ရှိပါက ဖုန်း ၀၉-၄၇၁၂၅၄၆၂ နှင့် ၀၉-၄၀၀ ၃၀၆၃၆၆ သို့ ဆက်သွယ်အကူ အညီပေးပါရန် မြင်းခြံမီဒီယာကို တောင်းခံလာခြင်းဖြစ်သည်။

ခင်ဇာမွန်မြင့် (ဥပဒေ)
The Hot News Weekly.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ